ဘလော့ ဂါ တစ်ဦးထံပေးစာ
ညီလေးရေ ဘလော့ ဂါ တစ်ဦးဖြစ်ဖို့ ဆိုတာ
စာတွေအများကြီးဖတ်ရတယ် ..စာရေးတိုင်းလည်း ဖြစ်တာမဟုတ်ဘူး
ကိုယ့် စာကို သူများစိတ်ဝင်စားအောင်ရေးတတ်ရတယ် အမှန်တွေလည်းဖြစ်ဖို့ လိုတာပေါ့ 
ကိုယ့် blog မှာ post တွေ များများတင်တိုင်းလည်း လူကြိုက်တာမဟုတ်ဘူး
post တင်တိုင်းလည်း ကိုယ်ရေးထားတာ အမှန်ကန် ဖြစ်ဖို့  ပိုပြီးတော့ လိုတယ်
သူများဆီက post တွေ ကူးချပြီး နာမည်ယူနေတာမျိုးလည်း မဖြစ်ချင်ဘူး
တကယ်တော့ ဘလော့ ဂါ တစ်ဦးရဲ့  အောင်မှု့ မြင့် ခရီးလမ်း ဟာ လွယ်တော့ မလွယ်လှဘူး
ဖြစ်ချင်တိုင်းလည်း ဖြစ်ကြတာမဟုတ်ဘူး
ညီလေး သိပါတယ် အင်တာနက်မှာ မြန်မာဘလော့ ဂါတွေ အများကြီးရှိတယ်
တစ်ချို့ ကြတော့  အစ ကောင်းပြီး အဖျားရှုးကြတယ်
တစ်ချို့ ကြတော့  တကယ်ကို အောင်မြင်တဲ့ သူတွေဖြစ်သွားကြတယ်
ဆက်ဖတ်ရန်
ဥပမာ - နိုင်းနိုင်းစနေ တို့ လိုပေါ့  သူတို့ ဆိုရင် လွန်ခဲ့ တဲ့  နှစ်တွေအများကြီးထဲက ဖြေးဖြေ့းခြင်း ဖြေးဖြေးခြင်း
တက်လာကြတာ..........အခုဆို အောင်မြင်တဲ့ သူတွေ ဖြစ်ကုန်ကြပြီ
အချိန်တွေ အများကြီးရင်းခဲ့ ရတယ် ..........ပြိးတော့ ဘလော့ ဂါ တစ်ယောက်ရဲ့  စိတ်ထားက
သူရေးတဲ့  သူပြောတဲ့  စကားအတိုင်း သူကိုယ်တိုင်လည်း လိုက်လုပ်နိုင်မှ ဖြစ်မှာနော်
တစ်ချို့ ကြတော့  သူများကိုတော့ ပြောတတ် ရေးတတ်တယ်
သူတို့ ကိုယ်တိုင်ကြတော့  မလိုက်နာနိုင်ကြဘူး ဒီလို လူတွေ လောကမှာ အများကြီး၇ှိပါတယ်
ဒါကို ညီလေး သိမှာပါ ............နောက်တစ်ခုက ရည်ရွယ်ချက်
ကိုယ်က ဘာကိုရည်ရွယ်မှာလဲ နည်းပညာပိုင်းနဲ့ လိုက်မှာလား ဒါမှမဟုတ် အခြား စာပေတွေေ၇းမှာလား
စာပေလိုင်းမှာတောင် အမျိုးမျိုး ရှိတယ်နော် ရသ အချစ်အလွမ်း ကဗျာ သည်းထိတ်ရင်ဖို ဗဟုသုတ ဆိုင်ရာ
............အများကြီးမှ အများကြီးပါပဲ .........သူများတွေက ဒါလုပ်လို့ အောင်မြင်နေတာကို အားကြပြီး ငါလည်းသူတို့ လို
လိုက်လုပ်ရင် ဖြစ်မှာပဲဆိုပြီး လိုက်တော့ မလုပ်နဲ့ နော်
ကိုယ်စိတ်ဝင်စားတာက တစ်ခြား ကိုယ်လုပ်နေတာက တစ်ခု ဆိုရင် အစော ပိုင်းက
ငါပြောသလို အဖျားရှုးသွားလိမ့် မယ်နော်.................ကိုယ့် ရဲ့ ဝါသနာ ကိုယ်အားသန်တဲ့ အရာနဲ့ ကိုယ့် ရဲ့ လုပ်ရက်နဲ့  ကို
ချိန်သားကိုက်အောင် လုပ်မှ အဆင်ပြေမှာ .................နောက်တစ်ခု က
တော်တော်များများကထင်ကြတယ် ဘလော့ ဂါ တစ်ဦးဆို တာ အားနေမှ ဖြစ်တာ လို့  ..........တကယ်တော့ အချိန်တွေအများကြီးပေးစရာ
မလိုပါဘူး ကွာာ တစ်နေ့ ကို 2 နာရီလောက် ပေးရင်ပဲ အဆင်ပြေပါတယ်
ဝယ်ခါစ ကား လိုမျိုး တသသ လုပ်နေစရာမလိုပါဘူး ကွာ
ကိုယ်ရဲ့ စိတ်ကူး အကြံဥာဏ်တွေ ရလာပြီဆို စာအုပ်လေးနဲ့ note မှတ်ထား
ပြီးတော့  ကိုယ်အားတော့ မှ post တင်ပေါ့ 
ဘယ်အရာမဆို လွယ်လွယ်နဲ့ တော့  ဘယ်ဖြစ်မလဲ ကွာ
အစ ပိုင်းကတော့ ဘယ်အရာမဆို ကြမ်းတမ်းမှု့ တွေနဲ့ စ ခဲ့ တာပဲလေ
နောက်ပိုင်းမှ အသီးပွင့် တွေ ပွင့် ဖူးလာတော့ မှ ကိုယ်တိုင်လည်း ပီတီဖြစ်
အများသူတွေလည်း အားကျ ကြတာပေါ့ 
ဒါကတော့  လူ့ သဘာဝ အတိုင်းပဲလေ
..........................အတိုက်ခိုက်တွေ ကြုံလာပြီဆိုရင် ဘယ်တော့ မှ စိတ်မပျက်နဲ့  အားမလျော့ နဲ့ 
( အောင်မြင်မှု့ ဆိုတာ ကြိုးစားတဲံသူတွေအတွက်ပဲ ရရှိတာပါ )
( ကြိုးစားမှု့  မရှိပဲ အောင်မြင်မှု့ ဆိုတာ မရှိဘူး တကယ်လို့ ရှိလာခဲ့ ရင်လည်း ခဏပါပဲ အထွန့် မရှည်ဘူး )
ဒီတော့  ညီလေးရေ .............
ဘာပဲဖြစ်ဖြစ် ကြိုးစားကွာ ( လိုသလောက်တော့ မရဘူး လုပ်သလောက်တော့  မင်း ရပါလိမ့် မယ် )
ပျိုးခင်းလက်
8 months ago
No comments:
Post a Comment