( အခန်း ၁ )
ကိုမိုးရေ ......ယွန်းကတော့ ဒီအိမ်လေးကို သဘောကျတယ် အိမ်က ကြီးလည်းကြီးတယ် ကျယ်လည်းကျယ်တယ်နော်
ဒီအိမ်ကို ဒီဈေးနဲ့ ရလိမ့် မယ်လို့ ထင်တောင်မထင်မိဘူး............ဟု ဇနီးသည် ယွန်းက အိမ်အပေါ်ထပ်တွင် ပစ္စည်းများနေရာချနေရင်းပြော၏
( ဟုတ်တယ် ယွန်းရေ ............ကိုယ်တို့ ပဲ ကံကောင်းတာလား ဒါမှမဟုတ် အိမ်ရှင်ပဲ သဘောကောင်းလို့ လားမသိဘူး
ရန်ကုန်ေ၇ာက်လာမှ အစစအရာရာ အဆင်ပြေတယ် ..........ဒါနဲ့ .ယွန်း ........ယွန်းအိမ်က ဖုန်းဆက်သေးတယ်မလား )
ဟု ကိုမိုးက မေးလိုက်၏
( အင်း ဆက်တယ် ကိုမိုးကို မိသားဖသားပီပီ ပြန်လာ အပ်ပါတဲ့  ..................သဘောတူပါတယ်တဲ့  ကိုမိုး )...............
. ( အေးကွာ အစ ကတော့ ကြောက်လန့် ပြီး ယွန်းကို ခိုးပြေးလာတာ အစထဲက သဘောတူရန် ဒီလိုမလုပ်ပါဘူး) ...............
( ဘာလဲ ကိုမိုးက ယွန်းကို ခိုးပြေးလာတာ နောင်တရနေလို့ လား ) ယွန်းက နှုတ်ခမ်းဆူပြီး ပြောလိုက်သည် ...............
( မဟုတ်ပါဘူးကွာ ယွန်းကို ကိုမိုး တကယ်ချစ်တာ ယွန်းလည်း သိတာပဲ ကိုမိုးက မပြည့် စုံတော့ 
ယွန်းမိဘတွေ သဘောမတူမှာကြောက်လို့ ပါ ယွန်းအတွက်နဲ့ ကိုမိုးဘယ်တော့ မှ နောင်တမရဘူး .........ဟုတ်ပြီလား )
( အခုချိန်တော့ အပြောက ချိုနေတာပဲ စောင့် ကြည့် ရသေးတာပေါ့့  နောက်မှ နော် ဒီမိန်းမ ကလွဲပြီး ကျန်တဲ့ မိန်းမတွေ အကုန်လှတယ်
လို့ မပြောနဲ သိလား ဟွန်း............. ) ယွန်းက မျကိ်စောင်းထိုးရင်း ပြောလိုက်လေသည်
( ဟားးး ဟားး ဒါတော့ စိတ်ချပါယွန်းရယ် .....အရာအားလုံးထက် ယွန်းကို အချစ်ဆုံးပဲ သိလား )
( အပြောကောင်း ကိုကိုရေ စောင့် ကြည့်ရသေးတာပေါ့  ...........ကဲလာလာ ထမင်းစားကြမယ် ..........)
( ဗဲရီးဂွတ် အကြံပဲ မိန်းမရေ........... ).......
နောက်တစ်နေ့ မိုးလင်းပြီဆိုတာနဲ့ ဒီဈေးထဲမှာ ဆိုက်ကားအသံတွေ ဈေးသည်တွေရဲ့  အသံတွေ အမျိုးမျိုးကြားရ၏
မနက် ငါးနာ၇ီထဲက ဈေးကလေးသည် စတင်ပြီး အသက်ဝင်လှုပ်ရှားလာသည် ဒီ ထီးတန်းဈေးသည် မနက်ဈေးသာဖြစ်ပြီး
ည နေ ကြလျင်မှူ ကြည့်မြင်တိုင် နာမည်ကြီး ည ဈေးကိုသာ သွားဝယ်ကြသည် ။
( ကိုမိုးရေ ........နှိုးပြီလား မျက်နှာသစ် သွားတိုက်တော့ လေ ဒီမှာ ယွန်း မနက်စာပြင်ထားတယ် ........) ဟု ယွန်းက လှမ်းပြော၏ ( အေးပါ ယွန်း ရယ် အကို ထတော့ မှာပါ ယွန်းက ဒီနေ့  စောစောစီးစီး ထလို့ပါလား ငါမိန်းမက တော်သားပဲ )
( ကိုမိုးနော် ယွန်းက ငယ်ငယ်ထဲက စောစောထနေကြ ဟွန်း )
( အေးပါ ယွန်းရယ် အကိုက စတာပါ ကဲ ကိုမိုး မျက်နှာသစ်လိုက်ဦးမယ် )
..............................................နေ့ တစ်နေ့ တာရဲ့  အစ မှာ ဒီလို စိတ်ချမ်းသာစရာလေးတွေ ကြုံရတော့  ဘယ်လိုပဲ
ဖြစ်ြ့ဖစ် ကိုမိုးအတွက် လာဘ်ကောင်းပြီး ကျက်သရေ ရှိတယ်ထင်တယ် ။ .ယွန်း မိဘတွေ က ချမ်းသာတယ် ကိုမိုးက တက္ကစီ မောာင်းသမားဆိုတော့  သူတို့ ဘက်ကလုံးလုံးသဘောမတူ ဘူး..........ယွန်းနဲ့ က ကျောင်းထဲက သိပြီး ချစ်သူတွေ ဖြစ်ကြတာ
သုံးနှစ် ရှိပြီ ...............ယွန်းမိဘတွေဘက်က ကိုမိုးနဲ့ ကြိုက်နေမှန်းလည်းသိရော ယွန်းကို အခြားနိုင်ငံမှာပညာသင်ဖို့  လုပ်သည်
ယွန်းက လက်မခံ ဒါ့ ကြောင့် ကိုမိုးကို ခိုးဖို့ ပြောရလေသည်။ ကိုမိုးက အစ ကတော့ နှလုံးသားကို ဦးစားမပေးပဲ ယွန်းဘ၀ ကောင်းဖို့  ယွန်းကိုပဲ နိုင်ငံခြားသွားဖို့ တိုက်တွန်းသည် ။ ယွန်းက မရပါ သူ့ ကို မချစ်လို့ ဆိုပြီး စကားနာထိုးလေသည်
သတ္တိကြောင်တယ် ယောက်ကျာင်္းမပီသ ဘူး ဟု စွတ်စွဲ၏ ကိုမိုးသူငယ်ချင်းတွေနဲ့ တိုင်ပင်တော့ လည်း ကိုမိုးကို ခိုးခိုင်း၏
ကိုမိုးက မခိုးရဲလို့  မဟုတ် သူနဲ့ နေရလျင် ယွန်းမိဘ တွေအိမ်မှာလို့ နေရမည်မဟုတ်သဖြင့်  ဆုံးဖြတ်ချက် ခက်ခဲမှန်းဖြစ်သည်
........................သူလို့ တက္ကစီ အငှားမောင်း သမားဝင်ငွေဖြင့်  ယွန်းကို တင့် တင့် တယ်တယ် ထားဖို့ မလွယ် ......ဒါပေမယ့် ယွန်းကတော့ ဘယ်လိုကိစ္စမဆို သူရင်ဆိုင်ရဲသည် ဘယ်လိုလောကဓံကိုမဆို လက်ကမ်း၇ဲသည်ဟုတ် ဆို၏
မိန်းကလေးတစ်ယောက်ကတောင် သူ့ ကို ဒီလိုပြောနေမှတော့  သူလို ယောက်ကျာင်္းသားအဖို့  နောက်ဆုတ်စရာမရှိဟုဆိုကာ
ယွန်းကို ခိုးပြေးခဲ့ ခြင်းဖြစ်သည် ။ ယွန်းနဲ့ ကိုမိုးတို့ က ပဲခူးဇာတိ က ဖြစ်သည် ။ ရန်ကုန်ကြည့်မြင်တိုင်မှာနေသော သူငယ်ချင်း
တစ်ယောက်အကူညီဖြင့်  သည်အိမ်ကို ရှာတွေ့ ပြီးငှားကြသည် ။ စဘော်မလို အိမ်လခသပ်သပ်ဖြင့် နေထိုင်ရခြင်းဖြစ်သောကြောင့်
ကိုမိုးတို့ အတွက် ပွဲဦးထွက် ဘ၀ သစ်ကတော့ အစစအရာရာ အဆင်ပြေချောမွေစေသည် ။ ကားဂိတ် ဆေးခန်း ဈေး စသည်ဖြင့် 
ရပ်ကွက်တိုင်းအတွက် မရှိမဖြစ်သော အရာများနှင့်  နီးစပ်စွာနေရခြင်း ဖြစ်သောကြောင့်  သည်အိမ် လေးတွင်နေထိုင်ရခြင်းကို
ကြိုက်နှစ်သက်သည် နောက်နှစ် အိမ်ရှင်ဈေးမတက်ဖို့ ပဲ ဆုတောင်းမိ၏
( ကိုမိုးရေ ......ဒီည စောစောပြန်လာနော် ကိုမိုးပြန်လာမှ ယွံန်း ထမင်းစားမယ် )
အိမ်သစ်မှာလိုအပ်တာတွေ လုပ်နေရသဖြင့် ကားမထွက်တာ တစ်ပတ်လောက်ရှိပြီ ဒီနေ့ စနေနေ့ ဖြစ်သဖြင့်  ကားထွက်ရင်
အရင်နေ့ တွေထပ် ပိုရနိုင်သည် ။
( အေးပါ .ယွန်းရယ် ကိုမိုးက 7 နာရီလောက်ပြန်ရောက်မှာပါ ယွန်းသာ ဒီညနေ ဟင်းကောင်းကောင်းချက်ထားနော် )
( အံမယ် ကိုယ့် မိန်းမ လက်ရာကိုယ်သိရဲ့ သားနဲ့  စိတ်ချ စိတ်ချ ကိုမိုးအကြိုက် ငါးရံ့ အူဟင်း ရှယ်ချက်ထား မယ် သူသာ စောစောပြန်လာနော် အပေါ်င်းသင်းတွေနဲ့ တွေ့ နေလို့ လည်း မိန်းမကို မေ့ မနေနဲ့ ဦး )
( စိတ်ချပါ ယွန်းရယ် စိတ်ချ စိတ်ချ ယွန်း ကြိုက်တဲ့ ပြောင်းဖူးပေါ်က်ပေါ်က် ၀ယ်ခဲ့ မယ် သိလား )
( အင်းပါ စောင့် ကြည့်ရသေးတာပေါ့ အော်ဒါနဲ့ ကိုမိုး ကားကို ဖြေးဖြေးမောင်းနော် ရန်ကုန်က ပဲခူးလိုမဟုတ်ဘူး သတိထားသွား ) ဟု ယွန်းက သတိပေးလိုက်၏ ကိုမိုးကတော့  ယွန်းကို နှုတ်ဆက်ကာ ထွက်သွားလေသည်
..............................................
.............................................အိမ်ထောင်တစ်ခု ထူထောင်ပြီဆိုတာ အပြောလိုမဟုတ် လက်တွေ့ ခက်၏ အိမ်မှု့ ကိစ္စတွေကလည်း များမှ များ တစ်ခုပြီးတစ်ခု လုပ်ရခြင်းဖြစ်သည် မလုပ်လျင် အကြွေးတင်ပြီးနောက်နေ့ လူပိုပင်ပန်းမည်
အိမ်ဖော်ခေါ်ဖို့ ဆိုတာလည်း မလွယ် သူတို့ လင်မယားက အခုမှ ညားခါ စဖြစ်သဖြင့် ငွေကို စုမိဆောင်းမိ ထားရဦးမည် အပိုသုံးလို့ 
မရ ပြိးတော့ အိမ်ဖော်ဆိုတာကလည်း ပြီးပြီးရော ခေါ်လို့ မရ ဒီခောတ်အိမ်ဖော်တွေက သိတဲ့ အတိုင်းပဲ တစ်လ တောင်မလုပ်
ရသေးဘူး ရွာကိုပြန်ချင်တာနဲ့  အမေ့ ကိုလွမ်းတာနဲ့  အမျိုးမျိုးအကြောင်းပြချင်ကြသည် ။
ဒီတော့ ကိုယ့် ဘာသာကိုယ်ပဲ နိုင်အောင်လုပ်ရမည် မိဘ အိမ်မှာနေစဉ်က ခြေမွေးမီးမလောင်လက်မွေးမီးမလောင် နေရခြင်းဖြစ်
ပြီး ယခု အိမ်ထောင်ပြုမှ ဒါတွေကိုလုပ်ရခြင်း ဖြစ်သောကြောင့်  စိတ်အနှောင့် ယှက်အနည်းငယ်ဖြစ်မိသော်လည်း
ကိစ္စမရှိ ....မိန်းကလေးပဲ ဒါတွေလုပ်တတ်ရမှာပဲလို့  တွေးပြီး ပြုံးမိသည် ။ ပြီးတော့ ကိုမိုး အင်း သူတောင် ငါ့ တို့ အနာဂတ်အတွက် ပင်ပင်ပန်းပန်း စီးပွားရှာရတာပဲ ဒီလောက် အိမ်မှု့ ကိစ္စလေး လုပ်တာလောက်တော့  အပေါ့ ပါပဲ လို့ တွေးထားလိုက်လေသည် ............ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့် စိတ်ကြိုက်မိသားစု တစ်ခုကို ထူထောင်ရခြင်းဖြစ်လို့ 
စိတ်ချမ်းသာသည် ........မိဘ ကို ကလန့် ကဆန်လုပ်ပြီး ထွက်ထာခဲ့ သော်လည်း နောင်တရပြီး ပူပန်မနေ.........
မိဘ က ကိုမိုးကို မိသားဖသားပီပီ ပြန်လာအပ်ဖို့  ပြောထားပြီးသား ဒီအတွက်လည်း လုပ်ရဦးမယ်
မင်္ဂလာဆောင်ဖို့ ဆိုတာလည်း ယွန်းမိဘ ဘက်က ပြီးပြီးရော လုပ်မည်မဟုတ် အသိုင်းဝိုင်းကြီးဖြစ်သောကြောင့်  ကြီးကျယ်ခမ်းနားစွာ ဆောင်ဖို့ ကိုမိုးကိုတိုက်တွန်းလိမ့် မည်..................။
အတွေးစ များဖြင့်  ယွန်း ညနေ စာအတွက်ချက်ပြုတ်ရင်း ခြောက်နာရီခွဲသွားပြီ
ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ရင်း ကိုမိုးပြန်အလာကို စောင့် ရမည်။ ကိုမိုးက တက္ကစီ အပိုင်ရှိသည်မဟုတ် အုံနာကြေးပေးပြီးမောင်းရ
ခြင်းဖြစ်သည် ညပိုင်း အုံနာအိမ်ကို ကားအပ်ပြီးမှ လိုင်းကားစီး ပြန်လာရသည် ။ ကံကောင်းတာက အုံနာက လှည်းတန်းက ဖြစ်
သဖြင့်  ကြည့်မြင်တိုင်ထီးတန်း နဲ့ သိပ်မဝေး. ။
( ယွန်းရေ.......ယွန်း ကိုမိုးပြန်လာပြီ ) အိမ်ေ၇ှ့ က ကိုမိုးအသံ ကို ကြားသဖြင့်  ယွန်း အိမ်အောက်ကို မြန်မြန်ဆင်းပြီး တံခါး
လာဖွင့် သည် ။ ( ကိုမိုးရယ် ပြန်လာတာနောက်ကျလိုက်တာ ရှစ်နာရီထိုးနေပြီ ဘယ်သဝေထိုးနေတာလဲ ) ဟုနှုတ်ခမ်းဆူပြီး
ပြောလိုက်၏ ( မဟုတ်ပါဘူးကွာ ကိုမိုး ကားစောင့် တာ နောက်ကျနေလို့ ဒီနေ့ စနေနေ့ ဆိုတော့  ကြည့်မြင်တိုင်ဘက် ပြန်ဆင်းတဲ့ ကားတွေက ရှားတယ်ကွ .........ဗိုက်ဆာပြီ ဘာဟင်းချက်ထားလဲ ယွန်း ...........)
( ငါးရံ့အူဟင်းချက်ထားတယ်လေ ပြီးတော့  ငပိရည် , တို့ စရာ ဘူးသီးပုတ်နဲံ့ အရည်သောက်ဟင်းတစ်ခွက်လည်းပါသေးတယ် )
( ဟေးးးးးးဒါမှ ကိုယ့် မိန်းမကွ မိဘ အိမ်မှာ တစ်ခါ မှ ဟင်းမချက်ဘူးပဲနဲ့  ကိုယ်နဲံကြမှ ချက်တာဆိုတော့  တော်တော်ဂွတ်လက်ရာပဲနေမှာ ဟား ဟားးး )
( ကိုမိုးနော် ယွန်းကို ဒီလို မလှောင်နဲ့  ဒီက စားစေချင်လို့ သေချာချက်ထားတာကို ........ဒါဆို မစားနဲ့ တော့ .)
( ဟဟ ဒီလို တော့ မလုပ်ပါနဲ့ ကွာ အကိုက ချစ်လို့ စ တာပါ ကဲကဲ ကိုမိုးေ၇ချိုးလိုက်ဦးမယ် .ယွန်း ထမင်း
ပြင်ထားလိုက်တော့  ).................................။
..........................................................................................................................
( ယွန်း ......... ဒီမှာနေရာတာ အဆင်ပြေလား ......ကိုမိုးကတော့  ဒီနေရာလေးကို တဖြည်းဖြည်း ကြိုက်လာပြီ ...) လို့ ကိုမိုးက ယွန်းကို မေးလိုက်သည် ။ ( သဘောကျပါတယ် ကိုမိုး ဒီမှာက အိမ်နီးချင်း ကောင်းတွေလည်း ၇တာပဲ ပြီးတော့  ကားဂိတ်တို့ ဈေးတို့ နဲ့ လည်း နီးတယ် လေ )
( အင်း ဟုတ်တယ် အော်ဒါနဲ့ ယွန်းကို ပြောရဦးမယ် ဒီ လကုန်ရင် ယွန်းတို့ မိဘ တွေဆီ သွားမယ်လေ ကိုယ်တို့ မှာလည်း စုမိ ဆောင်းမိ ရှိနေပြီပဲ )
( ဟုတ်တယ် ဟုတ်တယ် ကိုမိုး ယွန်းလည်း မိဘတွေကို သတိရတယ် ကိုမိုး ပြောရမှာ အားနာလို့ ပါ )
( အော် ယွန်းရယ် ဒါ အားနာစရာမှ မဟုတ်တာ ပြီးတော့ ယွန်းမိဘ တွေကို ကတိပေးခဲ့ တဲ့ အတိုင်း ကိုမိုးတို့  ယွန်းတို့ နယ်မှာ ကြီးကြီးကျယ်ကျယ်
မင်္ဂလာဆောင်မယ်လေ ..........)
( အဲဒီလိုလည်း မဟုတ်ပါဘူး ယွန်းက ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ် အမေတို့ ကသာ သူတို့ အသိုင်းဝိုင်းမှာ မျက်နှာပျက်စရာဖြစ်မှာဆိုးလို့  ပြော
တာပါ )
( ကိုမိုး နားလည်ပါတယ် ဒါ့ ကြောင့် စီးပွားကို ကြိုးစားပြီးရှာနေတာပေါ့  ချစ်လေးရဲ့  )
( အင်းပါ ယွန်း နားလည်ပါတယ် ကိုမိုးစိတ်ထဲမှာ ဖိစီးမှု့ ဖြစ်နေမှာဆိုးလို့ ပြောတာပါ ကဲ ကဲ ထားပါတော့  ယွန်းတို့ အိပ်တော့ မယ် )
( အံမယ် အလိုက်သိသားပဲ ဒါကြောင့် ချစ်နေရတာ ယွန်းရဲ့  )
( အယ် ..........ကိုမိုးနော် မရဘူး နိုးနိုး .... ............. )
( ဟာ ဘာလို့ လဲ ယွန်းကလည်း ကိုယ့် မိန်းမပဲကို ရဘူး ရဘူး...................)
မိုးလင်းလာတာနဲ့  ယွန်းတစ်ယောက် အစောကြီးထ ရသည်။ ဘုန်းကြီးဆွမ်းလောင်းဖို့  ပြင်ဆင်, ပြီင်္းရင် ကိုမိုးအတွက် မနက်စာ ချတ်ပြုတ်
အိမ်ထောင်သည် တစ်ယောက် ပြုရမယ့်  ၀တ္တရားတွေကို ကျေပွန်စွာပြုလုပ်ပေးသည် ။ အစကတော့  ယွန်း ဘာမှမလုပ်တတ် အစစ အရာရာ အလွဲတွေကြီး
ဖြစ်နေသည် ။ နောက်ပိုင်း အသားကျလာမှ အဆင်ပြေချောမွေ့ လာသည်။ ကိုမိုးက ပဲပြုတ်ကိုဆီနဲ့ ဆမ်းပြီး ကြက်သွန်နီဥနဲ့ မြုပ် စားရတာကို ကြိုက်နှစ်သက်သည်။
( ကိုမိုးရေ ထတော့ လေ ...ဒီမှာ မနက်စာ ပြင်ပြီးပြီ ..........)
( အင်း အင်း ......ယွန်း ထ တော့ မှာပါ .......... ယွန်းကတော့ ကွာ မိန်းမ ပီသတယ် ကိုယ့် အကြိုက်တွေအကုန်သိတယ်နော်
ကိုတော့ ယွန်းနဲ့ ရတာ သိပ်ကို ကံကောင်းတယ် )
( အပိုတွေ ပြောမနေနဲ့  မျက်နှာသစ်ပြီး လာစားတော့  ပြီးရင် ယွန်း ဈေးသွားရဦးမယ် ...ဒီနေ့  သူငယ်ချင်းတွေ လာမှာလေ ကိုမိုး နေ့ ခင်းထမင်းစားပြန်
လာခဲ့ နော် )
( ဟုတ်လား ဘယ်သူတွေလာမှာလဲ ရန်ကုန်မှာ ယွန်း သူငယ်ချင်းတွေ ရှိလို့ လား )
( အင်း ရှိတယ် ကျောင်းတုန်းက သူငယ်ချင်းတွေပါ ရန်ကုန်ရောက်နေတယ်ဆိုလို့  အိမ်ကိုဖိတ်လိုက်တာ ကိုမိုးကိုလည်းတွေ့ ချင်မြင်ချင်လို့ တဲ့  )
(အော် ....အင်းအင်း ဒါဆို ကိုမိုး နေ့ လည် ပြန်လာခဲ့ မယ်လေ အိုကေ ).......................................................
( အင်းပေါ့  ဒါနဲ့ ကိုမိုး ည က အောက်ဆင်းပြီး အပေါ့ သွားသေးလား )
( ဟင့် အင်း မသွားပါဘူး ဘာလို့ လဲ့ )
( ရေချိုးခင်းတံခါးကို ဖွင့် သံကြားလို့  ကိုမိုး တကယ်မဆင်းဘူးလား )
( အာ ယွန်းကလည်း ယွန်းနဲ့ တူတူအိပ်တဲ့ ဟာကို ကိုမိုးဆင်းရင်တောင် ယွန်းသိမှာပဲကို )
( မဟုတ်ဘူး ကိုမိုး ယွန်း အောက်က အသံကြားတော့  ကိုမိုးအိပ်ရာထဲမှာ မရှိဘူး )
( ဟင်...............ယွန်းကတော့ လာနောက်နေပြန်ပြီ ကိုမိုးည က လုံးဝ အောက်မဆင်း )
( သေချာပါတယ် ကို မိုး အောက်ဆင်းတာပါ ယွန်းဘေးမှာ ကိုမိုးမရှိတာရယ် အောက်ကေ၇ချိုးခန်းတံခါးကို ဖွင့် သံရယ်ဟာ ကိုမိုးမှမဟုတ်ရင်
ဘယ်သူဖြစ်မှာတုန်း )
( ထားလိုက်ပါ ကြွက်နေမှာပါ .......ကဲ အကိုသွားတော့ မယ်နော် နေ့ လည် ပြန်လာခဲ့ မယ် ) လို့ ပြောပြီး ကိုမိုးထွက်သွား၏
ယွန်း စိတ်ထဲမှာ သိပ်တော့ ဘ၀င်မကျ ည က သေသေချာချာကို ကြားလိုက်ရတာ ပြီးတော့ ဘေးကိုစမ်းကြည့်တော့ လည်း ကိုမိုးမရှိ
တမင် စ ပြီး ပြောတာထင်တယ်။
မနက် ဆယ်နာရီလောက် သူငယ်ချင်းတွေရောက်လာကြသည် ။ ငယ်ငယ်ထဲက ခင်ရသော ဇ၀ါနဲ့  ချစ်ငယ် ဖြစ်သည် ။ရှေးဖြစ်ဟောင်းတွေကိုပြန်ပြောရင်း အချိန်ကုန်မှန်းမသိကုန်သွားသည်။ နေ့ လယ် ကိုမိုးပြန်ရောက်လာမှ အားလုံးထမင်းစားကြသည် ။ အားလုံးက ယွန်းလက်ရာကို ချီးမွမ်းရင်း စ ကြ နောက်ကျ၏
ယွန်းက သူငယ်ချင်း ဇ၀ါ နဲ့  ချစ်ငယ် ကို ည ကိုဒီမှာပဲ အိပ်ဖို့ ပြော၏ ဇ၀ါက သိပ်မအိပ်ချင် ချစ်ငယ်ကတော့  နောက်နောက်ပြောင်ပြောင်ဖြင့် အိပ်မယ်လုပ်သည်။
ချစ်ငယ်က ( ဟုတ်တယ် ဇ၀ါရေ ဒီညတော့ ဒီမှာပဲ အိပ်တော့ ငါတို့ သူငယ်ချင်းတွေလည်း မဆုံရတာ ကြာပြီလေ ဟိဟိ ပြီးတော့ ယွန်းနဲ့ ပဲ တူတူအိပ်မှာနော်
သီးခြားခွဲမအိပ်ဘူး ကိုမိုးကတော့  တစ်ရက်တစ်လေ ပဲ ခွဲအိပ်ပေါ့  ဟုတ်ဘူးလား ............)............လို့ စ ပြီးပြော၏
ဇ၀ါက ( နင်ကလည်း သူများလင်မယားတွေ ရတာ မှ သိပ်မကြာသေးဘူး မလုပ်ပါနဲ့ ဟာ တော်ကြာ ကိုမိုးက တစ်ကမ္ဘာခြားနေတယ်ထင်နေဦးမယ် )
ကိုမိုးက ( အ မလေး မထင်ပါဘူးဗျာ သူငယ်ချင်းတွေ စုအိပ်မယ်ဆိုလည်း အိပ်ကြပါ ကျွန်တော့် ဘာသာ အောက် က အခန်းမှာ အိပ်မှာပါ ကဲ ..
ကိုမိုးကားပြန်ထွက်လိုက်ဦးမယ် ညနေ ဘာစားကြမလဲ ၀ယ်ခဲ့ မယ်လေ ..............)
( ရပါတယ် ကိုမိုး ကို အားနာစရာကြီး ထွေထွေထူးထူး မလုပ်ပါနဲ့  အဆင်ပြေတဲ့ အရာပဲ ၀ယ်ခဲ့ ပါ ခိခိ ) ဇ၀ါက ကိုမိုးကိုပြန်ပြောလိုက်သည်။
( အိုကေ အိုကေ ဒါဆို အဆင်ပြေတာ တစ်ခုခု ၀ယ်ခဲ့ မယ်နော် ယွန်း ရေ ကို မိုးသွားပြီနော် )
( အင်းအင်း ကိုမိုး ကားကိုလည်း ဂရုစိုက်မောင်းဦးနော် )........................။
ဒီနေ့  ကိုမိုး စိတ်တွေ လေးနေ၏ ဘာကြောင့် မှန်းမသိ ကားဆွဲရတာလည်း သိပ်မကောင်း, နေ့ လယ်က ယွန်းသူငယ်ချင်းတွေကို တွေ့ လိုက်လို့
လားမသိ။ ဘာကြောင့် လဲဆိုတော့  မိဘ အသိုင်းဝိုင်းနဲ့ ဝေးနေချိန်မှာ ဒီလို မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ကိုယ့် ဇနီးက ပျော်နေတာမြင်တော့ 
ကိုယ့် တိုင်လည်း နယ်က မိဘတွေကို ပြန်သတိရမိတယ်။ အိမ်မှာက ညီအကို မောင်နှမ လေးယောက်ရှိသည် ။ ယောက်ကျာင်္းလေးက သုံးယောက်
မိန်းကလေးက တစ်ယောက် , ကိုယ်မိုးက အကြီးဆုံး အငယ်ကောင်တွေကတော့  တက္ကသိုလ်တက်နေဆဲ, အငယ်ဆုံးလေးကတော့  ယခုနှစ်မှ ဆယ်
တန်း စ တက်ရမှာ ,ဘာပဲဖြစ်ဖြစ် တစ်ခါ တစ်ရံ ကိုမိုး မိသားစု အပေါ်တာဝန်မကျေသလို ခံစားရတယ် ,သားအကြီးဆုံးမို့ လို့ တစ်အိမ်လုံးက အားကိုးရခြင်း
ဖြစ်သဖြင့်  ယခုလို ကောက်ကာငင်ကာ မိန်းမယူလိုက်ခြင်း အပေါ် မိသားစုက နားလည်ပေးနိုင်တယ်ဆိုသော်လည်း သူတို့ စိတ်ထဲမှာတော့  ဘယ်ကောင်း
လိမ့် မလည်း။
( ကားအားလား မသိဘူး ..........ကန်ဘောင်ကိုသွားချင်လို့  )..ကောင်လေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်မှ ကိုမိုးအတွေးစ ပြတ်သွား၏
လှည့် ကြည့်လိုက်တော့  အသက် နှစ်ဆယ် အရွယ် စုံတွဲ တစ်တွဲ, ( ဟုတ်ကဲ့ အားပါတယ် တစ်ထောင့် ငါးရာပဲပေး ) လိုပြန်ပြောလိုက်သည်
ဟုတ်သည် အခုရောက်နေသည့် နေရာက ဆင်မလိုက်ဆိုတော့  အင်းယားနဲံသိပ်မဝေး ဒီဈေးဒီလောက်ပဲ တန်သည့် ခရီး ဖြစ်သဖြင့် 
တန်တန်ဆဆ တောင်းလိုက်ခြင်းဖြစ်သည် ။ သူများ အငှားကားတွေလို စုံတွဲဆို ဆော်မည်ဆိုတဲ့ စိတ်ဓာတ်မရှိ။
ကောင်လေးက အိုကေ ဟု ဆိုကာ တံခါးဖွင့် ပြီး နှစ်ယောက်သားတက်လာသည် ။
လှည်းတန်းက သွားခြင်းဖြစ်သဖြင့်  စိန်ဂေဟာ ရှေ့ တွင် ကားပိတ်သွားသည် ။ ကိုမိုး က တော်ရုံဆိုရင် မိမိကားကိုငှားလာသော ခရီးသည်များနှင့်် 
မိတ်ဖွဲ့ လေ့ မရှိ ယခု ကြတော့  ကားကလည်းပိတ် နောက်မှာပါလာသည့် စုံတွဲကလည်း မိမိ ညီတွေ အရွယ်ဆိုတော့  စကားစ ပြီး
မိတ်ဖွဲ့ လိုက်သည် ။
( ဒီနေ့ နေတော်တော်ပူတယ်ဗျာ နွေတောင်မရောက်သေးဘူး ) ဟု စကားစလိုက်သည်
( ဟုတ်တယ် အကိုရေ ကျွန်တော်တို့ တောင် ကန်ဘောင်မှာ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ သွားရမှာ နို့ မို့ ဆိုရင် မသွားဘူး.နေကတော်တော်ပူတာ )
( အင်း ဟုတ်လား ညီလေးတို့ က ရန်ကုန်ကပဲလား အကိုက ပဲခူးက နေပြောင်းလာတာ သိပ်မကြာသေးဘူး )
( ဟုတ်လား အကို ..........ရန်ကုန်ကတော့ ပဲခူးနဲ့ တော့ ဘယ်တူမလဲ ဒီမှာက ကားက ပိတ် အစားသောက်ကဈေးကြီးနဲ့  )
( ဟုတ်ပါ့ ညီလေးရေ.......အကိုတောင် အခုကြည့်မြင်တိုင်မှာနေတာ ဈေးရှေ့ မှာနေတာတောင် ဟင်းစားက ဈေးကြီးပါ့  )
ဒီအချိန်မှာ ပွိုင့် က စိမ်းနေပြီ ရှေ့ က ကားလေးတွေ တရွေ့ ရွေ့  မောင်းနေကြပြီ ဖြစ်သည် ။ အဲဒီအချိန်မှာ ကောင်လေးနဲ့ ပါလာတဲ့ ကောင်မလေးက
( အကိုက ဈေးရှေ့ မှာနေတာဆိုတော့ ထီးတန်းမှာနေတာ လား )
( အင်း ဟုတ်တယ်လေ ညီမ တို့ သိလို့ လား ) ဟုပြန်မေးလိုက်၏
( သိတာပေါ့ အကိုရ ညီမတို့ အရင်က အဲဒီနားမှာ နေလာတာ )
( ဟုတ်လား အဲဒီနေရာကနေလို့ ကောင်းတယ်နော် အကိုက ဓမ္မာရုံက နှစ်ထပ်တိုက်မှာနေတာ လေ )
( အကို ပြောတာ နှစ်ထပ်တိုက် အိမ်လား ဘေးမှာ မီးသွေးဆိုင်ရှိတယ်လေ အဲဒီအိမ်လား ) လို့ ကောင်မလေးက အရင်ကထပ် အသံနည်းနည်း မြှင့် ကာမေးလိုက်သည်။
ကားကတော့ ပြည်လမ်းပေါ်ကိုရောက်နေပြီး ကန်ဘောင်နားက ပွိုင့် မှာ ထပ်မိနေခြင်းဖြစ်သည်။
( ညီမက အဲဒီ အိမ်ကို သိလို့ လား ) လို့ ပြန်မေးလိုက်သည် ။
( အကို အဲဒီအိမ်မှာနေတယ်ဆိုရင် ပြန်ပြောင်းတာ အကောင်းဆုံးပဲ အကို ) လို့ ကောင်မလေးက အံ့ သြကြီး လောသံဖြင့် ပြောလိုက်သည်
မီးပွိုင့် က စိမ်းနေပြီ .......ကားကို အောက်ကြောကို အချက်ပြရင်း ကပ်ဖို့ လုပ်လိုက်သည်။ ကောင်မလေးက ထပ်ပြီး .....
( အကို အဲဒီနားမှာ အဲဒီ အိမ်အကြောင်းကို စုံစမ်းကြည့်ပါဦး ညီမပြောရင် မယုံမှာဆိုးလို့ .........ပြီးတော့  ...)
( ရပြီ အကို ဒီနားပဲ ရပ်လိုက်တော့  ..........) လို့ ကောင်မလေးရဲ့ ချစ်သူကပြောလိုက်သည် ။ နောက်ပြီး သူ့ ကောင်မလေးကိုလည်း
( ချစ်ကလည်း ကွာ ဘာတွေလျှောက်ပြောနေတာလဲ ........အော် အကို အတွက် တစ်ထောင့် ငါးရာ )လို့ ပေးပြီး ဆင်းသွား၏
ကိုမိုးစိတ်ထဲ ဘ၀င်မကျ လိုက်မေးချင်သော်လည်း ကားက မရပ်ရ နေရာဖြစ်နေသဖြင့် ကြာကြာရပ်လို့ မရ.......စိတ်ထဲမှာတော့ 
ဒီကောင်မလေး သက်သက် ချောက်တွန်းတာလား ဒါမှမဟုတ် တကယ်ပြောသွားတာလား ဝေခွဲလို့ မရ ဖြစ်နေသည်။ သူပြောတဲ့ ထဲမှာ စုံစမ်းကြည့်ဖို့ 
ပြောသည် ။ ကားနားတဲ့ နေ့ မှ သေချာပတ်ဝန်းကျင်ကို မေးကြည့်ဦးမယ်ဟု ကိုမိုး စိတ်ထဲမှာ ပိုင်းဖြတ်ထားလိုက်သည်။
.........................................................................။..........................................................................
.
8 months ago
No comments:
Post a Comment