ကြုံဖူးပါတယ် ဦးကျော်ဆန်းရယ်
ကျွန်တော်တို့ လူသားတွေဟာ လူအမျိုးမျိုးစိတ်အထွေထွေ တွေရှိကြတယ်။
အချို့ က အတ္တကြီးသူ အချို့ က လောဘကြီးသူ စသည်ဖြင့် အမျိုးမျိုးပေါ့ လေ။ အဲဒီထဲမှာမှ တစ်မူထူးခြားပြီး ဟင်းစား
လောဘကြီးတဲ့ သူ ရှိတယ်ဗျ။ မိတ်ဆွေလည်းသိမှာပေါ့  ကတုံးဆံပင်ပေါ်က် အသားညိုညိုနဲ့ တော့ ကီ ဦးကျော်ဆန်းလေ
သူနဲ့ ကျွန်တော်နဲ့ က မတွေ့ လိုက်နဲ့ တွေ့ လိုက်တာနဲ့  ကမောက်ကမတွေဖြစ်ကုန်ရော တစ်နေ့ လည်းကြည့်လေ.....
ခြောက်ရပ်ကွက်ရုံးမှာ ဘုန်းကြီးငါးပါးပင့် ပြီး ဆွမ်းကပ်တယ် ပြီးတော့ ရပ်ကွက်ရုံးမှာလုပ်တဲ့ လူတွေကို ကျွေးမွေးကြပေါ့ ဗျာ
ဒီကြားထဲ ဖိတ်ထားတဲ့ လူရှိရင်လည်း လာပေါ့ ။
မှတ်မှတ်ရရ ကျွန်တော်က အဲဒီနေ့ က ဘောလုံးကန်ပြီးပြန်လာတာ အိမ်ရောက်တော့ ရေမိုးချိုး ပြီးတော့ ထမင်းစားမယ်
လုပ်တော့ ထမင်းကကုန်နေပြီ ဒါနဲ့ ကျွန်တော်လည်း အမေ့ ကို ပြောတော့ အမေက ရပ်ကွက်ရုံးမှာ သွားစားတဲ့ 
ဒီအိမ်ကိုလည်း ဖိတ်ထားတယ်တဲ့  ကိစ္စမရှိဘူးတဲ့  အဲဒါနဲ့ ကျွန်တော်လည်းဆာဆာနဲ့ ရပ်ကွက်ရုံးကိုသွားရော ကျွန်တော်တို့ 
အိမ်နဲ့ ရပ်ကွက်ရုံးက သိပ်မှမဝေးတာ ။ ရပ်ကွက်ရုံးရောက်တော့ လူတွေ ထုံးစံအတိုင်း ရုတ်ရုတ် , ရုတ်ရုတ်ပေါ့ ။ ကျွန်တော်လည်း
ဟိုလူ့ နှုတ်ဆက် ဒီလူ့ နှုတ်ဆက်နဲ့  ရုံးထဲဝင် လှေကားကနေပြီး အပေါ်ထပ်ကိုတက် ( အပေါ်မှာထမင်းကျွေးတာကို )
ဖိနပ်ချွတ်နေရာမှာ ဖိနပ်ချွတ်ပြီး အထဲကို ဝေ့ ကြည့်လိုက်တော့  (အောင်မယ် အောင်မယ် ........တော့ ကီ ဝေါ့ ကီ ဦးကျော်ဆန်း ) တိုက်ပုံနဲံပုဆိုးအသစ်ကို ကျကျနန၀တ်ပြီး ထမင်းစားဝိုင်းထိပ်မှာ ခန့် ခန့် ကြီးထိုင်နေတာ တွေ့ ပါပြီဗျာ။
ဒါနဲ့ ကျွန်တော်လည်း အပေါ်ရောက်တော့ ဘယ်ဝိုင်းမှာ ထိုင်ရမလဲဆိုပြီးကြည့်လိုက်တယ်။ ၀ိုင်းတွေ အားလုံးနီးပါးက လူပြည့် နေတယ်။ ဟော ဟော တွေ့ ပြီ ဦးကျော်ဆန်းရဲ့ ဝိုင်းမှာ တစ်ယောက်လျော့ နေတယ်။ မထူးဘူး အဲဒီဝိုင်းမှာပဲ ထိုင်မယ်ဆိုပြီး
သူတို့ ဝိုင်းထဲကို ခပ်တည်တည်နဲ့ ဝင်ထိုင်လိုက်တယ်။ ၀ိုင်းထဲမှာ ဦးကျော်ဆန်းရယ် , ဈေးထဲက ဆီရောင်းတဲ့ ကတုံးရယ် , အခြား
မိန်းမတစ်ယောက်ရယ် ,, ကျွန်တော်ရယ်ပေါ့  ။
ကျွန်တော်လည်း ၀င်ထိုင်ေ၇ာ ၀ိုင်းထဲက လူတွေက တစ်ချက်ဝေ့ ကြည့်ပြီး သူ့ အရှိန်နဲ့ သူဆက်စားနေကြတယ် ။
အဲ အဲ ပြောစရာ ရှိတာက ဦးကျော်ဆန်း တစ်ယောက်ပဲ ဟို့ လု့ ခေါ် ဒီလူ့ ခေါ်နဲ့ အလုပ်ရှုတ်နေတာ ။ ကျွန်တော်ကတော့ 
စားဝိုင်းမှာထိုင် အသင့် ရှိတဲ့ လက်ဆေးရေနဲ့  လက်ကိုဆေး ဘေးနားက ထမင်းဇလုံထဲက ထမင်းကို ပန်းကန်ထဲ ခူးထည့်  ပြီးတာနဲ့ 
ထမင်းဝိုင်းထဲကို ကြည့်လိုက်တော့  ဟင်းတွေက ကြက်သား သုံးတုံး ရှိတဲ့ ကြက်သားဟင်းတစ်ခွက် , ချဉ်ပေါ်င်ကြော် , တစ်တုံးထဲ
ကျန်တဲ့ ငါးကြော်ပန်းကန် ,မယ်ဇလီဖူးဟင်းချိုခွက် , အခြားတို့ စရာပန်းကန်နဲ့ ငပိရည်ခွက်သာရှိတယ် ။
ဒါနဲ့ ကျွန်တော်လည်း ကြက်သားဟင်း သုံးတုံးရှိတဲ့ ပန်းကန်ထဲက ကြက်သားဟင်းကို ပန်းကန်ထဲထည့် မယ်ဇလီဖူးဟင်းချိုတွေ
ခပ်ထည့် ပြီးတာနဲ့ တို့ စရာတွေလဲတို့  ကျွန်တော်အဲဒီိလို အားပါးတရ စားနေတုန်း ၀ိုင်းထဲမှာရှိတဲ့ မိန်းမတစ်ယောက်က စားပြီးလို့ 
ထ သွားတယ် ။ ကတုံးရယ် ဦးကျော်ဆန်းရယ် ကျွန်တော်ရယ်ပဲ ကျန်တော့ တယ်။
ကျွန်တော်က လည်း နေပြင်းလို့ လားမသိဘူး သိပ်မစားနိုင်ဘူး ထမင်းတစ်ပန်းကန်ပဲစားနိုင်တယ်
အဲ ကျွန်တော်တို့ သုံးယောက်စားပြီးတဲ့ အချိန်မှာ ရုံးက ဥက္ကဋ္ဌက ကျွန်တော်တို့  ၀ိုင်းကို ဘုန်းကြီးဝိုင်းကျ အချိုပွဲတွေ လာချပေးတယ်ဗျာ။
ဦးကျော်ဆန်းနဲ့ လည်း စကားတွေဘာတွေပြောပြီး ခဏကြာတော့ ပြန်ထွက်သွားတယ် ။ သူထွက်သွားပြီးတာနဲ့ပြသာနာက စ တော့ တာပဲ
ဥက္ကဋ္ဌ လာချပေးတဲ့ အချိုပွဲမှာ ကျောက်ကျော နှစ်တုံးထဲပါတဲ့ ပွဲတစ်ပွဲ ,လက်ဖက်ပွဲ တစ်ပွဲ ဒူးရင်းယို တစ်ပွဲ , စုစုပေါ်င်း သုံးပွဲထဲ လာချပေးသွားတာ
အဲဒီမှာ တင် ဦးကျော်ဆန်းရဲ့  ကလေးဆန်တဲ့ အကျင့် တစ်ခု ထွက်လာတယ်။ ဘာလုပ်တယ်မှတ်လဲ ကျောက်ကျော တုံးနှစ်တုံးပါတဲ့ ပန်းကန်ကို သူ့ ဖက်ကို
ဆွဲချသွားတယ်။ ပြီးတော့ ရုပ်တည်နဲ့  လက်ဖက်ပန်းကန်ထဲက ဇွန်းကိုကိုင် ပုစွန်ခြောက်ကိုခပ်ထည့်  လက်ဖက်ထဲမှာပါတဲ့ အကြော်တွေကိုလည်းဇွန်းထဲကိုအများ
ကြီးထည့်ပြီး စားပါရောဗျာ..............
ကျွန်တော်နဲ့ ကတုံးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပထမတော့ ကြောင်သွားတယ်
ပြီးတော့ မှ ကတုံးက စ ပြီး ( အောင်မယ် အောင်မယ် ဒီလိုလုပ်လိုတော့ ဘယ်ရမလဲ ) ပြောပြီး လက်ဖက်ပန်းကန်ရော ဒူးရင်းယို ပန်းကန်ပါ
သူ့ ဘက်ကို ဆွဲသွင်းပြီး လက်နဲ့ ကာပြီးစားလေတော့ တယ် ။ အဲဒီမှာတင် ဦးကျော်ဆန်းက လေသံမာမာနဲ့  ( ဟေ့ ကောင် မင်းဒါ ဘာလုပ်တာလဲ ....)
လို့ စ မေးတယ် ကတုံးကလည်း ပလုပ်ပလောင်းနဲ့  ( ဘာလုပ်တာလဲ ဆိုတာ ခင်ဗျားအမြင်ပဲလေ ) လို့ ပြောလည်း ပြောလိုက်ရော ဦးကျော်ဆန်းရဲ့ မျက်နှာဟာ
နီရဲပြီး ( ၀ုန်းကနဲ့  ထကာ ကတုံးရဲ့ ရင်ဝ ကိုဖနောင့် နဲ့ ထပေါ်က်လိုက်တယ် ။ ကတုံးခဗျာ ပက်လက်လေးလန်ပြီး ပါးစပ်ထဲမှာရှိတဲ့ လက်ဖက်တွေတောင်
နှာခေါင်းက ပြန်ထွက်လာတယ် ။ ကဲ ကြည့်စမ်း ဦးကျော်ဆန်းရဲ့ ဖနောင့် အတွင်းအား ဘယ်လောက်ပြင်းလဲလို့ .........ဒါပေမယ့် ကတုံးကလည်း တော်ရုံတန်ရုံ
လူမှ မဟုတ်တာ ။ နေ့ တိုင်းဆီပုံးတွေကို ကားပေါ်က ချ ပေးနေကြကောင်ပဲဟာ ။
ကတုံးက ပက်လက်လန်ရာကနေ လူးလဲ ထပြီး ဦးကျော်ဆန်းရဲ့ ပုဆိုးအသစ်ကြီးကို ( ကတုံးကွ ) ဆိုပြီး ဆွဲချွတ်လိုက်ပါရော။
သူတို့အဖြစ်ပျက်ကို ကြည့်နေတဲ့ ယောက်ကျာင်္း မိန်းမ တွေဟာ ဦးကျော်ဆန်းရဲ့ ပုဆိုးကျွတ်တာကိုလည်း မြင်ရော.
( ဟာ )
(ဟင် )
( အို )
( ဟယ်.......ဘယ်လိုဟာကြီးတုန်း..........စတဲ့ အာမေဋိတ် အသံတွေထွက်ကုန်ကြတယ် ။ သူတို့ အနားမှာရှိတဲ့ ကျွန်တော်တောင် မျက်လုံးတွေ ပြာဝေသွားတယ်
ဦးကျော်ဆန်းလည်း ပုဆိုးကို ကုန်းကောက်ရမလို , ဟိုမရောက် ဒီ မရောက်ဖြစ်နေတဲ့ အချိန်မှာ သူရဲ့  အ၀ှာ ကြီးကလည်းတန်းလန်းတန်းလန်း နဲ့ ဆိုတော့ 
ကြည့်ရသူအပေါ်င်းမှာ အသည်းတယားယား ရင် တထိတ်ထိတ်နဲ့ ကြည့်နေရတယ် ။
ဝက်သားသည် ဒေါ်ပုဆိုရင်...............
( ဟယ် ရွတ်တွ ကြီးတော်ရေ........) လို့တောင် အသံထွက်တယ် ။ ကတုံးကတော့ အောင်နိုင်သူ အပြုံးနဲ့ မိန့် မိန့် ကြီး ..........
နောက်ဆုံး ဦးကျော်ဆန်းလည်း ကျွတ်ကျသွားတဲ့  ပုဆိုးကို ကုန်းကောက်........အဲ အဲ အဲဒီအချိန်မှာ နောက်နားမှာ ရှိတဲ့ ကလေးတစ်ယောက်က
......................( ဟင် .......ဖင်မှာလည်း ပွေးတွေနဲ့ ပါလား )လို့  စူးစူးရှရှအော်ပြောလိုက်တယ် ။ ဦးကျော်ဆန်းကြီးခဗျာ လည်း ရှက်ရှက်နဲ့ မျက်နှာကြီးကနီရဲ
....................ပုဆိုးကြီးကို ကပျာကယာ ကောက်ဝတ် လှေကားထပ်မှာ ချွတ်ထားတဲ့  သူ့ ဆင်ခြောက်ကောင်ဖိနပ်တောင် မစီးနိုင်ပဲ မပြေးရုံတမယ် သူ့ အိမ်ဘက်ကို ပြေးသွားလေတော့ တယ် ။
အဲဒါနဲ့ နောက်နေ့ သတင်းကြားတာကတော့  ဦးကျော်ဆန်းတစ်ယောက်ရပ်ကွက်ရုံးလည်း မလာ , ညနေတိုင်း ခပ်နေကျ ခြင်းလုံးတောင်လာမခပ်တော့ ဘူးတဲ့ ဗျာ။ အိမ်ထဲက အိမ်ပြင်ကို မထွက်တာ တစ်လ နီးပါးလောက်ကြာတယ်တဲ့ ။
သိုသော့်  ကတုံးကတော့  သူ့ ရဲ့  ကမ္ဘာ့ရန်ဘက် တစ်ယောက်ဖြစ်သွားတာပေါ့ .................................
နောက်ပိုင်းမှာ ဦးကျော်ဆန်း အလှူပွဲ တွေ ဆို နိုး နိုး မလာလာ ဒူးရင်းယိုဆို နိုးနိုး မစား အဲဒီလောက်ထိ ကို ဖြစ်သွားပါလေတော့ သတည်း။
ပျိုးခင်းလက်
8 months ago
No comments:
Post a Comment