( The Glass Palace )
အမီတာ ဂို့ ၏ ဖန်နန်းတော်
၁၈၈၅ ခုနှစ် မန်းလေး နေပြည်တော်ကို ဗြိတိသျှ သိမ်းပိုက်ချိန်ကစပြီး
အနှစ် တစ်ရာကျော် မြန်မာ အိန္ဒိယနှင့်  မာလာယာ ( အခု မလေးရှား )
တို့ မှာ ဖြစ်ခဲ့ သည် သမိုင်း အနောက်ခံအဖြစ်ပျက်များကို အချစ် အလွမ်းများနှင့် 
အသက်ဝင်အောင်ပုံဖော် ထားသည့် ဝတ္ထုဇာတ်လမ်းဖြစ်သည်..။
အသက် 11 နှစ်အရွယ် မိဘမဲ့ လမ်းဘေးကလေးငယ်
ရာဂ်ျကူးမား သည် မန်းလေး ကို ဗြိတိသျှိတို့ တိုက်ခိုက် သိမ်းပိုက်
တာကို ကိုယ်တိုင်ကြုံတွေ့ ရခဲ့ ရသည် ။ သူက ပစ္စည်းခိုးသူများနှငိ့ နန်းတော်ကို
လိုက်ဝင်စဉ်မှာ အသက်10 အရွယ် အပျိုတော်လေး ဒေါ်လီနှင့် ခဏတာ
ဆုံခဲ့ ရပြီး စွဲလမ်းခဲ့ ရလေသည် ။
ဒေါ်လီ က မြန်မာဘုရင် မိသားစုနှင့်  အိန္ဒိယ ကို လိုက်ပါသွားရသူဖြစ်သည် ။
နှစ်များစွာကြာသော အခါသစ်လုပ်ငန်းဖြင့် ကြီးပွားလာသည့်  ရာဂျာ်ကူးမားက
ဒေါ်လီကို ရှာပုံတော်ဖွင့် ခဲ့ သည်။
ထိုဝတ္ထူတွင် ဒေသ အတွင်း နိုင်ငံရေး နှငိ့ လူမှူ့ေ၇းပြသာနာ သောက အကြား
ရိုက်ခတ် ရုန်းကန်ခဲ့ ရသော မိသားစု သုံးစုကို မျိုးဆက် သုံးဆက်အကြား ဆက်နွယ်
ပတ်သက်မှု့ များဖြင့်  သွက်သွက်လက်လက်ကူးပြောင်းချိတ်ဆက်ပုံဖော်ထားသည်။
သည်ဝတ္ထုမှာ ဘုရင်စနစ် ။ ကမ္ဘာစစ်ကြီးနှစ်ခု ။ လွတ်လပ်ရေး ကြိုးပမ်းမှု့ နှင့်  မြန်မာစစ်
အစိုးရအကြောင်းကို ပုံဖော်ပြောပြထားသည်မှာ အထက်တမ်းကျ သိမ်မွေ့ လှသည်
ထိုအပြင် ဇာတ်ကောင်များကိုလည်း အပြင်မှာ တကယ်ဖြစ်နေသည်ဟု ယုံကြည်ရအောင်
စိတ်ဝင်စားစရာ ကောင်းအောင် စာရေးဆရာ ဂို့ ရှ်က ပုံဖော်နိုင်ခဲ့ သည်။
ထို ၀တ္ထုသည် မိသားစု ဇာတ်လမ်းရှည် တစ်ခုထက်ပိုကာ စာရေးဆရာ သရုပ်ဖော်ပြသည်။
မြန်မာဘုရင်နန်းကျခဲ့ တာကို မျက်မြင်ကြုံတွေ့ ခဲ့ ရသည် မြန်မာလူမျိုး
...အိန္ဒိယ လူမျိုးတွေ၏ အသံတွေပါ ထည့် သွင်းထားခဲ့ ပြီး ဗြိတိသျှကိုလိုနီစနစ်၏ ပုံရိပ်ကို လိမ္မာပါးနပ်စွာ
ရှုတ်ချအပြစ်တင်ထားသည်...................
စာရေးဆရာ သည် ထို ၀တ္ထုရေးရန် ၅ နှစ်ခန့် သုတေသန လုပ်ခဲ့ ရသည်
ဇာတ်လမ်းကိုမူ သူ့ မိသားစု၏ သမိုင်းနောက်ခံ အကြောင်းကို အခြေခံထားသည်ဟု ဆိုသည်။
( ထို စာအုပ်ကို စာရေးဆ၇ာ မြသန်းတင့် က ရေကန်သာကြာတိုင်းအေး အမည်ဖြင့် မြန်မာဘာသာပြန်ဆိုထားပါသည် )
..................................................
8 months ago

No comments:
Post a Comment