Wednesday, March 18, 2015
ထူးဆန်းသောအိမ်ကြီး
 (  အခန်း ၁ )                                  
           ကိုမိုးရေ  ......ယွန်းကတော့ ဒီအိမ်လေးကို သဘောကျတယ်  အိမ်က ကြီးလည်းကြီးတယ် ကျယ်လည်းကျယ်တယ်နော်
            ဒီအိမ်ကို ဒီဈေးနဲ့ ရလိမ့် မယ်လို့ ထင်တောင်မထင်မိဘူး............ဟု ဇနီးသည် ယွန်းက အိမ်အပေါ်ထပ်တွင် ပစ္စည်းများနေရာချနေရင်းပြော၏ 
       ( ဟုတ်တယ် ယွန်းရေ  ............ကိုယ်တို့ ပဲ ကံကောင်းတာလား ဒါမှမဟုတ်  အိမ်ရှင်ပဲ သဘောကောင်းလို့ လားမသိဘူး
       ရန်ကုန်ေ၇ာက်လာမှ  အစစအရာရာ အဆင်ပြေတယ်  ..........ဒါနဲ့ .ယွန်း    ........ယွန်းအိမ်က ဖုန်းဆက်သေးတယ်မလား )
         ဟု  ကိုမိုးက မေးလိုက်၏
         ( အင်း  ဆက်တယ်  ကိုမိုးကို မိသားဖသားပီပီ ပြန်လာ အပ်ပါတဲ့  ..................သဘောတူပါတယ်တဲ့  ကိုမိုး  )...............
   .     ( အေးကွာ အစ ကတော့ ကြောက်လန့် ပြီး ယွန်းကို ခိုးပြေးလာတာ အစထဲက သဘောတူရန် ဒီလိုမလုပ်ပါဘူး) ...............      
         ( ဘာလဲ  ကိုမိုးက ယွန်းကို ခိုးပြေးလာတာ နောင်တရနေလို့ လား  ) ယွန်းက  နှုတ်ခမ်းဆူပြီး ပြောလိုက်သည်  ............... 
         ( မဟုတ်ပါဘူးကွာ  ယွန်းကို ကိုမိုး တကယ်ချစ်တာ ယွန်းလည်း သိတာပဲ  ကိုမိုးက မပြည့် စုံတော့ 
           ယွန်းမိဘတွေ သဘောမတူမှာကြောက်လို့ ပါ   ယွန်းအတွက်နဲ့ ကိုမိုးဘယ်တော့ မှ နောင်တမရဘူး  .........ဟုတ်ပြီလား  )
         ( အခုချိန်တော့ အပြောက ချိုနေတာပဲ  စောင့် ကြည့် ရသေးတာပေါ့့   နောက်မှ နော်  ဒီမိန်းမ ကလွဲပြီး ကျန်တဲ့ မိန်းမတွေ အကုန်လှတယ်
          လို့ မပြောနဲ   သိလား     ဟွန်း.............  ) ယွန်းက မျကိ်စောင်းထိုးရင်း  ပြောလိုက်လေသည်
         ( ဟားးး ဟားး  ဒါတော့ စိတ်ချပါယွန်းရယ်   .....အရာအားလုံးထက် ယွန်းကို အချစ်ဆုံးပဲ သိလား )
         ( အပြောကောင်း  ကိုကိုရေ   စောင့် ကြည့်ရသေးတာပေါ့     ...........ကဲလာလာ  ထမင်းစားကြမယ်  ..........)
         (  ဗဲရီးဂွတ်  အကြံပဲ မိန်းမရေ........... ).......
    နောက်တစ်နေ့ မိုးလင်းပြီဆိုတာနဲ့ ဒီဈေးထဲမှာ ဆိုက်ကားအသံတွေ ဈေးသည်တွေရဲ့  အသံတွေ  အမျိုးမျိုးကြားရ၏
မနက် ငါးနာ၇ီထဲက ဈေးကလေးသည် စတင်ပြီး အသက်ဝင်လှုပ်ရှားလာသည်   ဒီ ထီးတန်းဈေးသည်  မနက်ဈေးသာဖြစ်ပြီး
အကြံပိုင်တဲ့ ဘိုးတော်
 တစ်နေ့ ရပ်ကွက်ထဲမှာ  လူတွေ စုရုန်းရုန်းနဲ့ တိုးတိုး တိုးတိုး ပြောနေကြလို့  ကျွန်တော်ဘာများလဲလို့ သွားစပ်စုကြည့်တယ်။ သူတို့ ပြောနေကြတာကတော့  ဦးကျော်ဆန်းရဲ့ အိမ်မှာ ဘိုးတော် တစ်ပါးရောက်နေတယ်တဲ့ ။ သူ့ မိန်းမ ပင့် လာတယ်ဆိုလား ,ဘာဆိုလားပဲ  ပဲခူးက ပင့် လာတယ်လို့ တော့ ပြောတာပဲ ။
ဒါနဲ့ ကျွန်တော်လည်း ဦးကျော်ဆန်းရဲ့ အိမ်ကို ခြေဦးလှည့် ခဲ့ တယ် ။
ဦးကျော်ဆန်းရဲ့ အိမ်နားရောက်တော့  ( အံမယ် ........လူတွေမနည်းပါလား .) ဆီ အလှူပေးနေသလားတောင်ထင်ရတယ် ။ လူတန်းရှည်ကြီးနေပူထဲမှာရပ်လို့ ,
အချို့ ကလည်း ထီးလေး တွေ ဘာတွေတောင်ဆောင်းထားကြတယ်။ ကျွန်တော်က အနီးနားမှာရှိတဲ့ ဦးလေးကြီးတစ်ယောက်ကို မေးလိုက်တယ် ။
( ဦးကျော်ဆန်းရဲ့ အိမ်က ဘိုးတော်က ဘာဟောတာလဲလို့  ) မေးလိုက်ရော ဦးလေးကြီးက...............
(ရှေ့ ဖြစ်နောက်ဖြစ်တွေ ဟောတာ သိပ်မှန်တာပဲ ပဲပြုတ်သည် ဒေါ်မိုးဆိုရင် အရင်ဘ၀က ရှင်မွေးလွန်းဆိုတဲ့ မင်းသမီးတစ်ပါးဖြစ်ခဲ့ တာတဲ့  လာမယ့် ဘ၀မှာလည်း
အဆိုတော် ဖြစ်ဦးမယ်တဲ့  ..................အဲဒီ လို့ ဟောလိုက်ရော ဒေါ်မိုးတစ်ယောက် ကခုန်ပြီး ပြန်သွားတာ ခွေးတောင်သူ့ ကိုကြည့်ပြီးဟောင်တယ်ကွ....
ဟား..ဟား.......ဟား..............) ဦးလေးကြီးသည် ကျွန်တော့် ကို ပြောလည်းပြော သူ့ ဘာသူ ရယ်လည်းရယ်နဲ့  တစ်ယောက်ထဲဟန်ကျနေတယ် ။
ဒါနဲ ကျွန်တော်က သူ့ ကိုထပ်ပြီးမေးလိုက်တယ်..............
( ဦးလေး .ဟောခက ဘယ်လိုယူသလဲ )
(ဟောခ ကတော့ စေတနာရှိသလောက်ပေါ့ ကွာ.......သူ့ ရှေ့ မှာ အလှူခံခွက်ချထားတယ် စေတနာရှိသလောက်ထည့် ရုံပဲ )
( အဲဒီ ဘိုးတော်က ဘယ်ကလာပြီးဘယ်လိုရောက်လာတာလဲ ဦး  ..........ပြီးတော့   ပဲခူးက ဆိုတာဟုတ်လား.....)
( ဟ ဟ  ငါ့ အလှည့် ရောက်ပြီ သွားလိုက်ဦးမယ်ဟေ့ ........) ကျွန်တော်တောင်စကားမဆုံးလိုက်ပါ ဦးေးကြီးက သူ့ အလှည့် ဆိုပြီး ပြေးဝင်သွားတော့ တယ်။
ဒီလိုနဲံကျွန်တော်လည်း ယောင်တောင်တောင်နဲ့ ဦးကျော်ဆန်းရဲ့ ခြံထဲကို ၀င်သွားကြည့် တော့ အိမ်တံခါးဝ မှာ ခန့် ခန့် ကြီးလက်ပိုက်ပြီးတုံကင်နံပါတ်ပေးနေတဲ့ 
ဦးကျော်ဆန်းကို သွားတွေ့ တယ်။ လူမလာသေးရင်လက်ပိုက်ပြီးနေလိုက် လူလာရင် နံပါတ်ပေးလိုက်နဲ့  တစ်ယောက်ထဲ အလုပ်တွေ ရှုတ်နေ၏
Monday, March 16, 2015
ကျွန်တော်နှင့်  ပယောဂဆရာ
                                                           ကျွန်တော်နှင့်  ပယောဂဆရာ
              ညနေပိုင်း နေကလေးသာနေတော့ လည်း ကျွန်တော်အပြင်ကို ထွက်ခဲ့ တယ် ။ အိမ်ကထွက်လာတုန်းက စိတ်ကူးထဲမှာ သူငယ်ချင်း
တစ်ယောက် ယောက်ဆီကို သွားမယ်။ ပြီးရင် လက်ဖက်ရည်ဆိုင်ထိုင်မယ် , ညနေ ခြောက်နာရီခွဲလောက်ဆို အိမ်ပြန်မယ်။ အစ တုန်းက
ဒီလို ရည်၇ွယ်ခဲ့ ပေမယ့်  လမ်းမှာ နေလင်းအောင်နှင့် တွေ့ ပြီး သီရီမင်္ဂလာဈေးကို အဖော်လိုက်ခဲ့ ရတယ်။
ကျွန်တော်တို့ နှစ်ယောက် ဘူတာရုံလမ်းမှ နေ ပြီး 102 စီး ကာသွားရာတွင် နေလင်းအောင်က ကျွန်တော့် ကို
( ဒီမှာ ကိုရဲ သရဲတစ္ဆေ တွေကို မင်းယုံလား ) လို့  အစပ်အဆက် မရှိသော မေးခွန်းကို လာမေး၏ ကျွန်တော်ကလည်း  ( မယုံဘူးရယ်လို့ တော့ 
မဟုတ်ပါဘူး မကြုံ ဘူးသေးတော့ ငါလည်းမသိဘူး ကွ  ) လို့ ပြန်ပြောလိုက်ရာ သူက  (မယုံဘူးဆိုရင်  ငါပြတဲ့ သူကို မင်းသေသေချာချာကြည့်  သူ့ မျက်
လုံးထဲမှာ မင်းအရိပ်က ဇော်ထိုးဖြစ်နေလိမ့် မယ် ) လို့  ထူးထူးဆန်းဆန်းစကားကို ပြောရာ ကျွန်တော်ကလည်း 
(  မဖြစ်နိုင်ပါဘူးကွာ အရိပ်က ဇောက်ထိုးပေါ်ရဦးမယ်  )  သူက
( မင်းမယုံရင် ငါဈေးရောက်လို့ ပြရင် ကြည့်ပေါ့ ကွာ ) လို့  သူက ပြောရင်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ စကားစပြတ်သွားတယ်
ကျွန်တော်လည်း ကျွန်တော့် အတွေးနဲ့ ကျွန်တော်လိုက်ပါလာခဲ့ တယ်, ဒါနဲ့ ပဲ ဈေးရောက်တော့ ကားပေါ်ကကျွန်တော်တို့ နှစ်ယောက်ဆင်း, ဈေး
ရုံထဲမှာ ၀ယ်စရာရှိတာ ၀ယ်ပြီး ပြန်ခါမယ်လုပ်မှ သူက ကျွန်တော့် ကို
( ဟေ့ ကောင် ....လာလိုက်ခဲ့ မင်းကိုပြမယ် ) လို့ ဆိုပြီး အမဲသားရောင်းတဲ့ ဆိုင်ကို ခေါ်သွားတယ် ပြီးတော့ အမဲ သားဆိုင်ရဲ့ မလှမ်းမကမ်းကနေပြီး
သူက ကျွန်တော့် ကို  ( ကိုမိုး မင်းအမဲသားရောင်းတဲ့ ဆိုင်ရှင်အဒေါကြီးရဲ့ မျက်လုံးကိုသေသေချာချာကြည့် ကြည့် သူ့ မျက်လုံးထဲမှာ လူအရိပ်တွေ
ဇောက်ထိုးပေါ်နေလိမ့် မယ် ) လို့ ကျွန်တော့်အားတီးတိုးပြော၏ ကျွန်တော်လည်း သူပြောတာကို မကြည့်ပဲ စိတ်ထဲမှာ( ဒီကောင်တော့  တော်တော်
ရူးသွားပြီလား  မသိဘူး) လို့ တွေးလိုက်သေးတယ် ။ ပြီးမှ သူပြတာကို ကြည့်မိသည်
                                      ( ဟာ  ဟေ့ ကောင် ဘယ်လိုလို့ မြင်ရမှာလဲ  ဒီလောက်အဝေးကြီးကို ) လို့ သူ့ အားပြောရာ...သူက
                                      ( အေး  ဟုတ်သားပဲ ဒါဖြင့် ဒီလိုလုပ်ကွာ ငါမှာ ငါးရာ ပိုသေးတယ် မင်း သူ့ ဆိုင်က အမဲ သားသွားဝယ်
                                      ( ရင်း ကြည့်ခဲ့  ...........)  လို့ ပြောပြီးကျွန်တော့် အား  ပိုက်ဆံ ငါးရာထုတ်ပေး၏  ကျွန်တော်လည်း သူပေးတဲ့ ပိုက်ဆံ
ကို လက်ထဲမှာဆုပ်ကိုင်ရင်း အမဲသား သွားဝယ်ရလေသည်။ ဆိုင်ရှေ့ေ၇ာက်တော့  ဆိုင်ရှင် အဒေါ် ကြီးကို သေသေချာချာ ကြည့်မိတယ်။
အသားညိုညို ၀၀ ဖိုင်ဖိုင်ကြီး လက်မှာလည်း လက်ကောက်တွေ လေးငါးကွင်း , လည်ပင်းက ဆွဲကြိုးလုံးကြီင်္းကလည်း လက်ညိုးလုံးအရွယ်လောက်ရှိတယ်
အဲဒါနဲံကျွန်တော်လည်း...............( အန်တီ အမဲ သား တစ်ဆယ် သားဘယ်လောက်လဲ လို့ မေးလိုက်တယ် ) သူကလည်း ကျွန်တော့် ကိုကြည့်ပြီး
( တစ်ဆယ်သားကို လေးရာငါးဆယ် သားရေ  .......... ) လို့ သူကလည်း ပြန်ပြော၏ ဒါနဲ့ ကျွန်တော်လည်း အမဲ သား တစ်ဆယ်သားလို့  ပြောပြီး ၀ယ်တယ်
သူက အမဲသားကို ခုတ်ထစ် ပြီး ချိန်ခွင်မှာချိန် ပြီးတော့ ကျွတ်ကျွတ်အိတ်ထဲထည့် ပြီးတော့  ကျွန်တော့်ကိုပေး , ကျွန်တော်လည်း လက်ထဲကကိုင်ထားတဲ့ 
ငါးရာတန်လေးကို သူ့ ကိုလှမ်းပေးရင်း သူ့ မျက်လုံးအိမ်ကို သေသေချာချာကြည့်လိုက်မိတယ်။
        ( ဟာ.......ဟုတ်တယ်ဟေ့   )  သူ့ မျက်လုံးအိမ်ထဲက ပုံရိပ်တွေက တကယ့် ကို ဇောက်ထိုးကြီး ကျွန်တော်လည်း အံ့ သြသွားပြီး သူပေးတဲ့ အမဲ သားထုပ်
လေးနဲ့ ပြန် အိမ်းငွေ ငါးဆယ်တန်လေးကို ယူပြီး သူငယ်ချင်းနေလင်းအောင်ဆီပြန်လာ  ။  နေလင်းအောင်ကတော့  ကျွန်တော့် ကိုကြည့် ပြီး
( ဟေ့ ကောင် တွေ့ ခဲ့ လား  )  လို့ မေးတယ် ။ ကျွန်တော်လည်း အံ့ သြစွာဖြင့်   ( အေးကွာ    .....တွေ့ ခဲ့ တယ် တော်တော်ထူးဆန်းတာပဲ  ငါ့ ပုံ၇ိပ်ကလည်း
ဇော်ထိုးကြီးကွ  ) လို့ ပြန်လည်းပြောရော.......သူက  (  မင်းအခု ယုံပြီ မှတိလား  ငါပြောသားပဲ အဲဒီအန်တီကြီးက စုန်းတွေ ကဝေတွေတတ်ပါတယ်လို့  )
ကျွန်တော်ကလည်း............. ( ငါတော့ ကွာ အခုမှသာ ကြုံဘူးတာ တစ်ခါမှ ဒီလို အဖြစ်မျိုးမြင်ဘူး   ကြုံဘူးတာ မဟုတ်ဘူးကွ ) လို့ ပြောရင်း
Wednesday, March 11, 2015
ကြုံဖူးပါတယ် ဦးကျော်ဆန်းရယ်
                                                ကြုံဖူးပါတယ် ဦးကျော်ဆန်းရယ်
             ကျွန်တော်တို့ လူသားတွေဟာ လူအမျိုးမျိုးစိတ်အထွေထွေ တွေရှိကြတယ်။
အချို့ က အတ္တကြီးသူ အချို့ က လောဘကြီးသူ စသည်ဖြင့် အမျိုးမျိုးပေါ့ လေ။ အဲဒီထဲမှာမှ တစ်မူထူးခြားပြီး ဟင်းစား
လောဘကြီးတဲ့ သူ ရှိတယ်ဗျ။ မိတ်ဆွေလည်းသိမှာပေါ့  ကတုံးဆံပင်ပေါ်က် အသားညိုညိုနဲ့ တော့ ကီ ဦးကျော်ဆန်းလေ
 သူနဲ့ ကျွန်တော်နဲ့ က မတွေ့ လိုက်နဲ့ တွေ့ လိုက်တာနဲ့  ကမောက်ကမတွေဖြစ်ကုန်ရော  တစ်နေ့ လည်းကြည့်လေ.....
ခြောက်ရပ်ကွက်ရုံးမှာ ဘုန်းကြီးငါးပါးပင့် ပြီး ဆွမ်းကပ်တယ် ပြီးတော့ ရပ်ကွက်ရုံးမှာလုပ်တဲ့ လူတွေကို ကျွေးမွေးကြပေါ့ ဗျာ
ဒီကြားထဲ ဖိတ်ထားတဲ့ လူရှိရင်လည်း လာပေါ့ ။
            မှတ်မှတ်ရရ ကျွန်တော်က အဲဒီနေ့ က ဘောလုံးကန်ပြီးပြန်လာတာ အိမ်ရောက်တော့ ရေမိုးချိုး ပြီးတော့ ထမင်းစားမယ်
လုပ်တော့ ထမင်းကကုန်နေပြီ ဒါနဲ့ ကျွန်တော်လည်း အမေ့ ကို ပြောတော့ အမေက ရပ်ကွက်ရုံးမှာ သွားစားတဲ့ 
ဒီအိမ်ကိုလည်း ဖိတ်ထားတယ်တဲ့  ကိစ္စမရှိဘူးတဲ့  အဲဒါနဲ့ ကျွန်တော်လည်းဆာဆာနဲ့ ရပ်ကွက်ရုံးကိုသွားရော   ကျွန်တော်တို့ 
အိမ်နဲ့ ရပ်ကွက်ရုံးက သိပ်မှမဝေးတာ ။   ရပ်ကွက်ရုံးရောက်တော့ လူတွေ ထုံးစံအတိုင်း ရုတ်ရုတ် , ရုတ်ရုတ်ပေါ့ ။ ကျွန်တော်လည်း
ဟိုလူ့ နှုတ်ဆက်  ဒီလူ့ နှုတ်ဆက်နဲ့  ရုံးထဲဝင် လှေကားကနေပြီး အပေါ်ထပ်ကိုတက် ( အပေါ်မှာထမင်းကျွေးတာကို )
ဖိနပ်ချွတ်နေရာမှာ ဖိနပ်ချွတ်ပြီး အထဲကို ဝေ့ ကြည့်လိုက်တော့     (အောင်မယ်   အောင်မယ်  ........တော့ ကီ ဝေါ့ ကီ ဦးကျော်ဆန်း ) တိုက်ပုံနဲံပုဆိုးအသစ်ကို ကျကျနန၀တ်ပြီး ထမင်းစားဝိုင်းထိပ်မှာ ခန့် ခန့် ကြီးထိုင်နေတာ တွေ့ ပါပြီဗျာ။
ဒါနဲ့ ကျွန်တော်လည်း အပေါ်ရောက်တော့ ဘယ်ဝိုင်းမှာ ထိုင်ရမလဲဆိုပြီးကြည့်လိုက်တယ်။ ၀ိုင်းတွေ အားလုံးနီးပါးက လူပြည့် နေတယ်။ ဟော  ဟော  တွေ့ ပြီ  ဦးကျော်ဆန်းရဲ့ ဝိုင်းမှာ တစ်ယောက်လျော့ နေတယ်။ မထူးဘူး အဲဒီဝိုင်းမှာပဲ ထိုင်မယ်ဆိုပြီး
သူတို့ ဝိုင်းထဲကို ခပ်တည်တည်နဲ့ ဝင်ထိုင်လိုက်တယ်။ ၀ိုင်းထဲမှာ ဦးကျော်ဆန်းရယ် , ဈေးထဲက ဆီရောင်းတဲ့ ကတုံးရယ် , အခြား
မိန်းမတစ်ယောက်ရယ် ,, ကျွန်တော်ရယ်ပေါ့  ။
ကျွန်တော်လည်း ၀င်ထိုင်ေ၇ာ ၀ိုင်းထဲက လူတွေက တစ်ချက်ဝေ့ ကြည့်ပြီး သူ့ အရှိန်နဲ့ သူဆက်စားနေကြတယ် ။
အဲ  အဲ ပြောစရာ ရှိတာက ဦးကျော်ဆန်း တစ်ယောက်ပဲ  ဟို့ လု့ ခေါ် ဒီလူ့ ခေါ်နဲ့ အလုပ်ရှုတ်နေတာ ။ ကျွန်တော်ကတော့ 
စားဝိုင်းမှာထိုင် အသင့် ရှိတဲ့ လက်ဆေးရေနဲ့  လက်ကိုဆေး ဘေးနားက ထမင်းဇလုံထဲက ထမင်းကို ပန်းကန်ထဲ ခူးထည့်  ပြီးတာနဲ့ 
ထမင်းဝိုင်းထဲကို ကြည့်လိုက်တော့  ဟင်းတွေက ကြက်သား သုံးတုံး ရှိတဲ့ ကြက်သားဟင်းတစ်ခွက် , ချဉ်ပေါ်င်ကြော် , တစ်တုံးထဲ
ကျန်တဲ့ ငါးကြော်ပန်းကန် ,မယ်ဇလီဖူးဟင်းချိုခွက် , အခြားတို့ စရာပန်းကန်နဲ့ ငပိရည်ခွက်သာရှိတယ် ။
ဒါနဲ့ ကျွန်တော်လည်း ကြက်သားဟင်း သုံးတုံးရှိတဲ့ ပန်းကန်ထဲက ကြက်သားဟင်းကို ပန်းကန်ထဲထည့် မယ်ဇလီဖူးဟင်းချိုတွေ
ခပ်ထည့် ပြီးတာနဲ့ တို့ စရာတွေလဲတို့   ကျွန်တော်အဲဒီိလို အားပါးတရ စားနေတုန်း ၀ိုင်းထဲမှာရှိတဲ့ မိန်းမတစ်ယောက်က စားပြီးလို့ 
ထ သွားတယ် ။ ကတုံးရယ် ဦးကျော်ဆန်းရယ် ကျွန်တော်ရယ်ပဲ ကျန်တော့ တယ်။
Monday, March 9, 2015
ဘလော့ ဂါ တစ်ဦးထံပေးစာ
ဘလော့ ဂါ တစ်ဦးထံပေးစာ ညီလေးရေ ဘလော့ ဂါ တစ်ဦးဖြစ်ဖို့ ဆိုတာ စာတွေအများကြီးဖတ်ရတယ် ..စာရေးတိုင်းလည်း ဖြစ်တာမဟုတ်ဘူး ကိုယ့် စာကို သူများစိတ်ဝင်စားအောင်ရေးတတ်ရတယ် အမှန်တွေလည်းဖြစ်ဖို့ လိုတာပေါ့  ကိုယ့် blog မှာ post တွေ များများတင်တိုင်းလည်း လူကြိုက်တာမဟုတ်ဘူး post တင်တိုင်းလည်း ကိုယ်ရေးထားတာ အမှန်ကန် ဖြစ်ဖို့  ပိုပြီးတော့ လိုတယ် သူများဆီက post တွေ ကူးချပြီး နာမည်ယူနေတာမျိုးလည်း မဖြစ်ချင်ဘူး တကယ်တော့ ဘလော့ ဂါ တစ်ဦးရဲ့  အောင်မှု့ မြင့် ခရီးလမ်း ဟာ လွယ်တော့ မလွယ်လှဘူး ဖြစ်ချင်တိုင်းလည်း ဖြစ်ကြတာမဟုတ်ဘူး ညီလေး သိပါတယ် အင်တာနက်မှာ မြန်မာဘလော့ ဂါတွေ အများကြီးရှိတယ် တစ်ချို့ ကြတော့  အစ ကောင်းပြီး အဖျားရှုးကြတယ် တစ်ချို့ ကြတော့  တကယ်ကို အောင်မြင်တဲ့ သူတွေဖြစ်သွားကြတယ်
ဆက်ဖတ်ရန်
Sunday, March 8, 2015
ညသန်းခေါင်လက်ဆေးသံ
                                                     ည သန်းခေါင် လက်ဆေးသံ
ဒီမှာ လူတွေဟာ လက်မှာ အညစ်အကြေးတစ်ခု ပေသွားပြီဆို လက်ဆေးတာဟာ သဘာဝတစ်ခုပါပဲ
ဘာမှ မထူးဆန်းဘူးပေါ့ ဗျာ လက်မှာ အညစ်ကြေး တစ်ခုခုပေလျင် ဆပ်ပြာနဲ့ ပဲ ဖြစ်ဖြစ် ရေနဲ့ ဖြစ်ဖြစ် သန့် စင်အောင် ဆေးကြတယ်  ။ ဒါပေမယ့် ကျွန်တော့် တို့ အိမ်နားက လင်မယားနှစ်ယောက်ကတော့  ထူးဆန်းတယ်ဗျ။ ဘာကို ထူးဆန်းကြလဲ
ဆိုတော့ သူတို့ က လက်ဆေးကြတယ် လေ။ သြော် လက်ဆေးတာပဲ ဘာထူးဆန်းလို့ လဲလို့  မိတ်ဆွေ ထင်ရော့ မည် ။
             ထူးဆန်းတာပေါ့ ဗျာ ရိုးရိုးတန်းတန်းနေ့ ခင်းဘက်မှာ လက်ဆေးရင်တော့  ဒီစာကို ကျွန်တော်ရေးစရာမလိုတော့ ဘူးပေါ့ 
အခု ဟာက  သူတို့ လင်မယားနှစ်ယောက်က ညကြီးသန်းခေါင် 12 ဆယ့် နှစ်နာရီလောက် လင်မယားနှစ်ယောက် ရှေ့ ဆင့် 
နောက်ဆင့်  လက်ထ ဆေးတယ်ဆိုတော့  ..............  အင်း   ......ထူးတော့ ထူးဆန်းနေပြီဗျာ
                  ဟုတ်တယ်လေ  မိတ်ဆွေပဲ စဉ်းစားကြည့်ပါ့ လား  ။ ဒီကိစ္စက သမရိုးကျမှ မဟုတ်တာ။
ဖြစ်ပုံက ဒီလိုဗျ  ......ကျွန်တော်က ဆယ်တန်းကျောင်းသားလေ   ဆယ်တန်းကျောင်းသားဆိုတော့  စာမေးပွဲဖြေဖို့  နီးလာရင်
ည သန်းခေါင်ထိ စာကျက်တာပေါ့     ဖြစ်ချင်တော့  ကျွန်တော်အဲဒီနေ့ က စာကျက်တာ ဆယ့် နှစ်နာ၇ီ ထိုးသွားတယ်
ဟဲဟဲ    အဲ့ ဒီမှာတင် ဇာတ်လမ်းက စတာပဲဗျို့    အော်  မေ့ တော့ မလို့ 
သူတို့ အကြောင်းပြောရမယ်ဆိုတော့  သူတို့ မိသားစုအကြောင်းကို နည်းနည်းပြောပြရဦးမယ်
နာမည်က  ဦးကျော်ဆန်းတဲ့ အသားညိုညို ကတုံး  ဆံပင်ပေါက်    မျက်နှာက အမြဲတမ်း မှိုရသလို မြွေရသလို မျက်နှာထားနဲ့ 
။ သူ့ မိန်းမကျတော့   အသားညိုညို တင်ပါးကြီးကြီး တုတ်တုတ်ခိုင်ခိုင်ကြီးပေါ့ ဗျာ။ သူတို့ မှာ သမီးတစ်ယောက်လည်းရှိတယ်ဗျ
သူတို့ သမီးကတော့ သူတို့ နဲ့ တစ်ခြား စီပဲ  ရတနာဦးမျက်နှာနဲ့ ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့် တောင့်  ခပ်ဖြောင့် ဖြောင့် ခပ်လှ
လှပေါ့။ အခု ခောတ် လူကြီးလုငယ် မေ၇ွး ကြိုက်နှစ်သက်မယ့်  အသည်းစွဲ  အသည်းရမ်းမယ့် ပုံစံမျိုး   ..........အဲ   သူကလည်း
ကျွန်တော့်လို ဆယ်တန်းပဲ ။ သူတို့ မိသားစု၇ဲ့ စီးပွားရေးကျတော့  အဲဒီ ဦးကျော်ဆန်းကြီးက ဆယ်အိမ်ခေါင်းလိုလို ဆယ်အိမ်မှုးလိုလို      ဘာလိုလိုညာလိုလိုကြီးပေါ့     တစ်ခါတစ်ခါ ပွဲစားလည်း လုပ်တယ်ဆိုလားးးး   အိမ်ပွဲစားပါ
သူ့ မိန်းမကြတော့ အိမ်မှာ ထမင်းချက် ဟင်းချက် ဘာညာကွိကွပေါ့   ။  တစ်ခု ပြောရမှာက ဦးကျော်ဆန်းရဲ့ အမေပဲ အဘွားကြီးပေါ့ 
Monday, March 2, 2015
ရုက္ခရာဇာ
http://www.freelibraryonline.com/force_download.php?file=33117
ဆားပုလင်းနှင်းမောင် နှင့် ဓားနှစ်လက်
http://www.freelibraryonline.com/force_download.php?file=33085
နွေရာသီ မြန်မာလူငယ်များ
ဘဲပုံပြင် …
စာရေးသူတို့ မြန်မာလူငယ်တွေကို တိုက်ရိုက်ပြောနေသလားလို့ ထင်ရတယ့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ် … စာရေးသူ ဟောပြောပွဲတိုင်းလိုလို ထည့်ပြောလေ့ရှိတဲ့ ပုံပြင်တစ်ပုဒ်ပါ … တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ မြင်းတစ်ကောင်ရယ် … ငှက်တစ်ကောင်ရယ်… ငါးတစ်ကောင်ရယ် … ဘဲတစ်ကောင်ရယ် ရှိကြတယ် … ။ မြင်းဆိုတဲ့ သတ္တဝါက အပြေးသန်တယ် … ငှက်က အမြင့်ပျံနိုင်တယ် … ငါးက ရေကူးမြန်တယ် … ဘဲကတော့ ပြေးလို့လည်း ရတယ် … ပျံလို့လည်း ရတယ် … ရေလည်း ကူးတတ်တယ် …။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘက်စုံတတ်တဲ့သူ ဆိုပြီး အထင်ကြီးနိုင်ပါတယ်။ ဒါပေမယ့် တကယ်သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် ပါဘူး …. ပျံတော့လည်း ငှက်လောက် မပျံနိုင်ပါဘူး … ရေကူးတော့လည်း ငါးလောက် မကူးတတ်ဘူး … ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ဒီနေ့ခေတ်စကားနဲ့ ပြောရင် ဘဲဟာ ဘယ်ဘက်မှာမှ professional မဖြစ်ပါဘူး … ။ ဒါကြောင့် ဘက်စုံဆိုတဲ့စကားဟာ အမှတ်တမဲ့ကြည့်လိုက်ရင် အထင်ကြီးစရာလို ထင်ရပေမယ့် ဘက်စုံတတ်တာတော့ ဟုတ်ပါတယ် … တကယ် ကျွမ်းကျင်ရဲ့လားဆိုတာက ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
Sunday, March 1, 2015
လောကနီတိ
လောကနီတိ မြန်မာပြန်
                                      ရေးသားစီစဉ်ပုံ
၁။ (အကျွန်ုပ် စတုရင်္ဂဗလ အမတ်သည်) ရတနာသုံးကို ရှိခိုးပြီး၍ ကျမ်းဂန်အမျိုးမျိုးတို့မှ ထုတ်နုတ်ထားသော လောကနီတိကျမ်းကို မာဂဓဘာသာဖြင့် အကျဉ်းချုပ်၍ ဆိုပေအံ့။
                                      သင်ကြားလေ့လာထိုက်ပုံ
၂။ ဂုဏ်အထူးကား- နီတိကျမ်းသည် ယောင်္ကျား၏၊ အနှစ်မည်၏၊ အမိအဘလည်း မည်၏၊ ဆရာသမားလည်း မည်၏၊ မိတ်ဆွေလည်း မည်၏၊ ထို့ကြောင့် ယောင်္ကျားကောင်း ဖြစ်လိုသူသည် နီတိကျမ်းကို တတ်သိနားလည်ရာ၏။ နီတိကျမ်း တတ်သော သူသည် ပညာရှိ ဖြစ်နိုင်၏။ ကြီးကျယ် မွန်မြတ်၏။ အကြားအမြင်များနိုင်၏။
မှတ်ချက်။   ။ ပဓာနနည်းအားဖြင့် ယောင်္ကျားကို ပြဆိုထားပါသည်။ မိန်းမ များလည်း နီတိကျမ်းကို တတ်သင့်ပါသည်။ တတ်လျှင် လူရာဝင်နိုင်ပါသည်။
                                       ၁။ ပညာရှိကို ဆိုရာအပိုင်း
၃။(က) ပျင်းသောသူ အတတ်ပညာ မရနိုင်၊
   (ခ) အတတ်ပညာ မရှိသောသူ ဥစ္စာမရနိုင်၊
   (ဂ) ဥစ္စာ မရှိသောသူ မိတ်ဆွေမရနိုင်၊
   (ဃ) မိတ်ဆွေ မရှိသောသူ ချမ်းသာမရနိုင်၊
   (င) ချမ်းသာ မရှိသောသူ ကောင်းမှုမပြုနိုင်၊
   (စ) ကောင်းမှုမရှိသောသူ နိဗ္ဗာန်မရနိုင်။
၎။(က) အတတ်ပညာနှင့် တူသော ဥစ္စာမရှိ၊
   (ခ) အတတ်ပညာကို သူခိုး မခိုးနိုင်၊
   (ဂ) အတတ်ပညာသည် ဤလောက၌ မိတ်ဆွေကောင်းမည်၏။
   (ဃ) အတတ်ပညာသည် တမလွန်၌ ချမ်းသာကို ဆောင်တတ်၏။
၅။ အကြားအမြင်ပညာကို နည်းသည်ဟူ၍ မအောက်မေ့ရာ၊ စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏၊ ခြကောင်များ စု၍ ကြီးထွားလာသော တောင်ပို့နှင့် အိုးစရည်း၌ ကျဖန်များ၍ ပြည့်လာသော ရေပေါက်ကဲ့သို့ မှတ်အပ်၏။
၆။ နှုတ်မှုပညာကို ဖြစ်စေ၊ လက်မှုပညာကို ဖြစ်စေ သေးငယ်၏ဟု မထင်မှတ်ရာ၊ ကုန်စင်အောင် တတ်မြောက်ခဲ့သော် မိမိတတ်မြောက်ထားသော အတတ်ပညာ တမျိုးမျိုးက အသက်မွေးဝမ်းကျောင်း အတွက် အထောက်အပံ့ဖြစ်နိုင်၏။
၇။ (က) တောင်တိုင်း တောင်တိုင်း၌ ပတ္တမြားမထွက်၊
    (ခ) ဆင်တိုင်း ဆင်တိုင်း၌ အမြုတေ(ပုလဲ)မရှိ၊
    (ဂ) တောတိုင်း တောတိုင်း၌ စန္ဒကူးနံ့သာ မပေါက်၊
    (ဃ) အရပ်တိုင်း အရပ်တိုင်း၌ ပညာရှိ မထွန်းကား။
၈။ သုတနှင့် ပြည့်စုံသော ပညာရှိပုဂ္ဂိုလ် ရှိသည်ဟု သတင်းစကားကြားသိငြားအံ့၊ သုတကိုရှာမှီးသော အမျိုးကောင်းသားသည် လုံ့လဝီရိယ ကြီးမားစွာဖြင့် ပညာရှိပုဂ္ဂိုလ်ရှိရာ အရပ်သို့ အရောက်သွား၍ ပညာကို ရှာမှီးရာ၏။
၉။ (က) အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏။
    (ခ) ဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
    (ဂ) တောင်ကို ဖြည်းဖြည်းသာ တက်ရာ၏။
    (ဃ) ကာမဂုဏ်ကို ဖြည်းဖြည်းသာ ခံစားရာ၏။
    (င) အမျက်ဒေါသကို ဖြည်းဖြည်းသာ ထွက်စေရာ၏။
     ဤငါးမျိုးကို ဖြည်းဖြည်း ဖြည်းဖြည်း တစ တစသာ အလိုရှိရာ၏။ (ဆန္ဒမစေရာ။)
၁၀။ (၁) အကြား အမြင် အတတ်၊
      (၂) လောကသမ္မုတိဖြစ်သော ဓမ္မသတ် ရာဇသတ် အတတ်၊
      (၃) ဂဏန်းသင်္ချာ အတတ်၊
      (၄) တံစဉ်း၊ စူး၊ ဆောက် စသော လက်သမား အတတ်၊
      (၅) နီတိကျမ်း အတတ်၊
      (၆) ယာယီ၊ ယကြာပြုခြင်း စသော ဗျာကရုဏ်း အတတ်၊
      (၇) စောင်း၊ ငြင်း စသော ကဗျာလင်္ကာအတတ်၊
      (၈) လက်ချိုးရေတွက်ခြင်း(လက်ပစ်) အတတ်၊
      (၉) ဒူလေး၊ လင်းလေး အတတ်၊
      (၁၀) ထုံးဟောင်း ရာဇဝင် အတတ်။
၁၁။  (၁၁) ဆေးပညာ အတတ်၊
       (၁၂) ရယ်ရွှင်မှု အတတ်၊
       (၁၃) ဗေဒင် အတတ်၊
       (၁၄) လှည့်ပတ်မှု အတတ်၊
       (၁၅) ဆန်းကျမ်း အတတ်၊
       (၁၆) သံတမန်အတတ်၊
       (၁၇) မန္တန် အတတ်၊
       (၁၈) သဒ္ဒါကျမ်း အတတ်။
ဤသည်တို့ကား တစ်ဆယ့်ရှစ်ပါးသော အတတ်ပညာများတည်း။
၁၂။   ပညာရှိသည် သူတစ်ပါးက မမေးသော်(ပြောရိုးမရှိ)၊ တီးမှမြည်သော စည်ကြီးနှင့်တူ၏၊ သူတစ်ပါးက မေးလာခဲ့သော် သဲသဲမဲမဲ ရွာချသော မိုးကြီးနှင့်တူ၏။ (ပြောသင့်သမျှ တစ်လုံးမကျန် ပြောတတ်၏။)၊ သူမိုက်သည် သူတစ်ပါးက မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ များစွာ ပြောဟောတတ်၏။
၁၃။  စာအုပ်၌ရှိသော အတတ်ပညာနှင့် သူတစ်ပါး၏ လက်၌ရှိသော ဥစ္စာသည် ကိုယ်ပိုင်မဟုတ်၊ အကြောင်းကိစ္စ ပေါ်ပေါက်သော် အသုံးချ၍ မရ။
၁၄။ (က) ရေတိမ်၊ ရေနက်၏ သဘောကို ကြာရိုးကို မြင်၍ သိနိုင်၏၊
      (ခ) အမျိုးယုတ်၊ အမျိုးမြတ် ဖြစ်ကြောင်းကို ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ကြည့်၍ သိနိုင်၏။
      (ဂ) ပညာရှိသည်၊ မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏၊
      (ဃ) မြေကောင်းသည်၊ မကောင်းသည်ကို မြေပေါ်၌ ပေါက်သော မြက်ပင် ညှိုးသည်၊ မညှိုးသည်ကို
             မြင်၍ သိနိုင်၏။
၁၅။  ဗဟုသုတခေါင်းပါးသော သူသည် အနည်းငယ်မျှတတ်သော အတတ်ပညာကို အများကြီးတတ်သည် ဟု အထင်ရောက်တတ်၏၊ မာန်ရှိတတ်၏။ သမုဒ္ဒရာရေကို မမြင်ဖူးသော ဖါးသူငယ်သည် တွင်းဝ၌ ရှိသော ရေကို အများကြီးထင်မှတ်သည်နှင့် တူနေတတ်၏။
၁၆။ (က) ပထမအရွယ်၌ အတတ်ပညာကို မရခဲ့သော်
      (ခ) ဒုတိယအရွယ်၌ ဥစ္စာကို မရခဲ့သော်၊
      (ဂ) တတိယအရွယ်၌ တရားကို မရခဲ့သော်၊
      (ဃ) စတုတ္ထအရွယ်ခေါ်သော သေချိန်ကာလ၌ အဘယ်မှာလျှင်
            အသုံးကျအံ့နည်း (လူဖြစ်ရှုံးလိမ့်မည်သာ)။
၁၇။  ချစ်သား(ချစ်သမီး)…အတတ်ပညာ ကြိုးစားသင်စမ်းပါ။ အဘယ့်ကြောင့် ပျင်းစိတ်ဝင်ချင်ရသနည်း။
       အတတ်ပညာမရှိသောသူသည် သူ၏ ဝန်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌   
       သူတစ်ပါးတို့က ပူဇော်ဂုဏ်ပြုနေကြသည်။ ထို့ကြောင့် ချစ်သား(ချစ်သမီး)…နေ့တိုင်း၊ နေ့တိုင်း
       အတတ်ပညာကို ကြိုးစား၍ သင်ကြားပါလော့။
၁၈။  အမိသည် အပြင်ရန်သူ မည်၏။ အဘသည် အတွင်းရန်သူ မည်၏။ အဘယ်ကြောင့် ရန်သူမည်
       သနည်း။ ငယ်ရွယ်စဉ်အခါ၌ သားသမီးကို ပညာသင်မပေးသောကြောင့် ရန်သူမည်၏။ ပညာမတတ်
       သောသူသည် ဟင်္သာတို့၏ အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်၌ မတင့်တယ်။
၁၉။ (က) တောင်ချောက်ကြား၌ ပေါက်ရောက်သော ဆူးသည် ဘယ်သူချွန်၍ ထက်သနည်း။ သူ့သဘာဝ
            အတိုင်းသာ ထက်နေ၏။
      (ခ) သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်လင်သနည်း။ သူ့သဘာဝအတိုင်းသာ ကြည်
           လင်နေ၏။
      (ဂ) နွံ၌ ပေါက်သော ကြာကို ဘယ်သူ အနံ့ကောင်း ထည့်၍ မွှေးသနည်း၊ သူ့သဘာဝအတိုင်းသာ
           မွှေးနေ၏။
      (ဃ) အမျိုးကောင်းသားတို့၏ ယဉ်ကျေးလိမ္မာသော စိတ်သဘောသည် ဘယ်သူပြု၍ ဖြစ်ပေါ်သနည်း။
            သူ့သဘာဝအတိုင်းသာ ဖြစ်၏။
၂၀။ (က) ထုံးမပါသော ကွမ်းသည် အရသာမရှိ။
      (ခ) ကိုယ်ပိုင်ဥစ္စာ မရှိသော သူ၏ (အငှားပစ္စည်းဖြင့်) တန်ဆာဆင်ခြင်းသည် အရသာမရှိ။
      (ဂ) ဆားမပါသော စားဖွယ်သည် အရသာမရှိ။
      (ဃ) အတတ်ပညာ မရှိသောသူ၏ ပျို့ကဗျာဖွဲ့ခြင်းသည် အရသာမရှိ။
                                                                           (  အတွေးလှိုင်းသစ်မှာဖော်ပြခြင်းဖြစ်သည် )
Saturday, February 28, 2015
The Glass Palace ( အမီတာ ဂို့ ၏ ဖန်နန်းတော် )
(  The Glass Palace  )
အမီတာ ဂို့ ၏ ဖန်နန်းတော်
၁၈၈၅ ခုနှစ် မန်းလေး နေပြည်တော်ကို ဗြိတိသျှ သိမ်းပိုက်ချိန်ကစပြီး
အနှစ် တစ်ရာကျော် မြန်မာ အိန္ဒိယနှင့်  မာလာယာ ( အခု မလေးရှား )
တို့ မှာ ဖြစ်ခဲ့ သည် သမိုင်း အနောက်ခံအဖြစ်ပျက်များကို  အချစ် အလွမ်းများနှင့် 
    အသက် 11 နှစ်အရွယ် မိဘမဲ့ လမ်းဘေးကလေးငယ်
ရာဂ်ျကူးမား သည် မန်းလေး  ကို ဗြိတိသျှိတို့ တိုက်ခိုက် သိမ်းပိုက်
တာကို ကိုယ်တိုင်ကြုံတွေ့ ရခဲ့ ရသည် ။ သူက ပစ္စည်းခိုးသူများနှငိ့ နန်းတော်ကို
လိုက်ဝင်စဉ်မှာ အသက်10 အရွယ် အပျိုတော်လေး ဒေါ်လီနှင့် ခဏတာ
ဆုံခဲ့ ရပြီး စွဲလမ်းခဲ့ ရလေသည် ။
ဒေါ်လီ က မြန်မာဘုရင် မိသားစုနှင့်  အိန္ဒိယ ကို လိုက်ပါသွားရသူဖြစ်သည် ။
နှစ်များစွာကြာသော အခါသစ်လုပ်ငန်းဖြင့် ကြီးပွားလာသည့်  ရာဂျာ်ကူးမားက
ထိုဝတ္ထူတွင် ဒေသ အတွင်း နိုင်ငံရေး နှငိ့ လူမှူ့ေ၇းပြသာနာ သောက အကြား
ရိုက်ခတ် ရုန်းကန်ခဲ့ ရသော မိသားစု သုံးစုကို မျိုးဆက် သုံးဆက်အကြား ဆက်နွယ်
ပတ်သက်မှု့ များဖြင့်  သွက်သွက်လက်လက်ကူးပြောင်းချိတ်ဆက်ပုံဖော်ထားသည်။          
              သည်ဝတ္ထုမှာ ဘုရင်စနစ် ။ ကမ္ဘာစစ်ကြီးနှစ်ခု ။ လွတ်လပ်ရေး ကြိုးပမ်းမှု့ နှင့်  မြန်မာစစ်
အစိုးရအကြောင်းကို  ပုံဖော်ပြောပြထားသည်မှာ အထက်တမ်းကျ သိမ်မွေ့ လှသည်
ထိုအပြင် ဇာတ်ကောင်များကိုလည်း အပြင်မှာ တကယ်ဖြစ်နေသည်ဟု ယုံကြည်ရအောင်
စိတ်ဝင်စားစရာ ကောင်းအောင် စာရေးဆရာ ဂို့ ရှ်က ပုံဖော်နိုင်ခဲ့ သည်။
           ထို ၀တ္ထုသည် မိသားစု ဇာတ်လမ်းရှည် တစ်ခုထက်ပိုကာ စာရေးဆရာ သရုပ်ဖော်ပြသည်။
မြန်မာဘုရင်နန်းကျခဲ့ တာကို မျက်မြင်ကြုံတွေ့ ခဲ့ ရသည် မြန်မာလူမျိုး
...အိန္ဒိယ လူမျိုးတွေ၏ အသံတွေပါ ထည့် သွင်းထားခဲ့ ပြီး ဗြိတိသျှကိုလိုနီစနစ်၏ ပုံရိပ်ကို လိမ္မာပါးနပ်စွာ
ရှုတ်ချအပြစ်တင်ထားသည်...................
                  စာရေးဆရာ သည် ထို ၀တ္ထုရေးရန် ၅ နှစ်ခန့် သုတေသန လုပ်ခဲ့ ရသည်
ဇာတ်လမ်းကိုမူ သူ့ မိသားစု၏ သမိုင်းနောက်ခံ အကြောင်းကို အခြေခံထားသည်ဟု ဆိုသည်။ 
  ( ထို စာအုပ်ကို စာရေးဆ၇ာ မြသန်းတင့် က ရေကန်သာကြာတိုင်းအေး အမည်ဖြင့် မြန်မာဘာသာပြန်ဆိုထားပါသည် )
..................................................
Clash of Clans တကယ်ဆော့လို့ရတဲ့ UpdateVersion 2015 Febuary 24- 100% working
အောက်ပါ လင့်မှာ down နိုင် ပါတယ်
http://www.solidfiles.com/d/f19fe7e69c/Clash_of_Clans_by_www.patheinit.com_.apk
လက်ထက်တော်ကြီး(ရွှေဥဒေါင်း)
pyaephyo နည်းပညာမှ ပြန်လည် ဖော်ပြခြင်းဖြစ်ပါတယ်
အောက်ပါ လင့်မှ down နိုင် ပါတယ်
http://www.solidfiles.com/d/ac833248b4/%E1%80%9C%E1%80%80%E1%80%B9%E1%80%91%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%28%E1%80%B1%E1%80%9B%E1%82%8A%E1%80%A5%E1%80%B1%E1%80%92%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%29%40MMBS.pdf
first read
အားလုံးပဲ မင်္ဂလာပါ ကျွန်တော်တို့ရဲ့
ထီးတန်း နည်းပညာအဖွဲ့မှ ကြိုဆိုပါတယ်
ဒီ ဆိုက်မှာ နည်းပညာအပြင် အခြား စီးပွားရေး
အ ကြောင်းတွေပါ တင် ဆက်မှာပါ
မြန်မာ mp3 သီချင်းမျိုးစုံကို လွယ်ကူစွာ down နိုင် ပါ ပြီ
myanmar mp3
http://myanmarmp3album.com/
clash of clan gems
clash of clan game က gems များကို
မြေနီကုန်း ရှမ်းကုန်းလမ်း win mobile shop
တွင် 10 ဒေါလာ ကို မြန်မာငွေ 12000 ဖြင့် ဝယ်ယူ
နိုင် ပါ ပြီ  gems 1000 ရပါသည်