ည သန်းခေါင် လက်ဆေးသံ
ဒီမှာ လူတွေဟာ လက်မှာ အညစ်အကြေးတစ်ခု ပေသွားပြီဆို လက်ဆေးတာဟာ သဘာဝတစ်ခုပါပဲ
ဘာမှ မထူးဆန်းဘူးပေါ့ ဗျာ လက်မှာ အညစ်ကြေး တစ်ခုခုပေလျင် ဆပ်ပြာနဲ့ ပဲ ဖြစ်ဖြစ် ရေနဲ့ ဖြစ်ဖြစ် သန့် စင်အောင် ဆေးကြတယ် ။ ဒါပေမယ့် ကျွန်တော့် တို့ အိမ်နားက လင်မယားနှစ်ယောက်ကတော့  ထူးဆန်းတယ်ဗျ။ ဘာကို ထူးဆန်းကြလဲ
ဆိုတော့ သူတို့ က လက်ဆေးကြတယ် လေ။ သြော် လက်ဆေးတာပဲ ဘာထူးဆန်းလို့ လဲလို့  မိတ်ဆွေ ထင်ရော့ မည် ။
ထူးဆန်းတာပေါ့ ဗျာ ရိုးရိုးတန်းတန်းနေ့ ခင်းဘက်မှာ လက်ဆေးရင်တော့  ဒီစာကို ကျွန်တော်ရေးစရာမလိုတော့ ဘူးပေါ့ 
အခု ဟာက သူတို့ လင်မယားနှစ်ယောက်က ညကြီးသန်းခေါင် 12 ဆယ့် နှစ်နာရီလောက် လင်မယားနှစ်ယောက် ရှေ့ ဆင့် 
နောက်ဆင့်  လက်ထ ဆေးတယ်ဆိုတော့  .............. အင်း ......ထူးတော့ ထူးဆန်းနေပြီဗျာ
ဟုတ်တယ်လေ မိတ်ဆွေပဲ စဉ်းစားကြည့်ပါ့ လား ။ ဒီကိစ္စက သမရိုးကျမှ မဟုတ်တာ။
ဖြစ်ပုံက ဒီလိုဗျ ......ကျွန်တော်က ဆယ်တန်းကျောင်းသားလေ ဆယ်တန်းကျောင်းသားဆိုတော့  စာမေးပွဲဖြေဖို့  နီးလာရင်
ည သန်းခေါင်ထိ စာကျက်တာပေါ့  ဖြစ်ချင်တော့  ကျွန်တော်အဲဒီနေ့ က စာကျက်တာ ဆယ့် နှစ်နာ၇ီ ထိုးသွားတယ်
ဟဲဟဲ အဲ့ ဒီမှာတင် ဇာတ်လမ်းက စတာပဲဗျို့  အော် မေ့ တော့ မလို့ 
သူတို့ အကြောင်းပြောရမယ်ဆိုတော့  သူတို့ မိသားစုအကြောင်းကို နည်းနည်းပြောပြရဦးမယ်
နာမည်က ဦးကျော်ဆန်းတဲ့ အသားညိုညို ကတုံး ဆံပင်ပေါက် မျက်နှာက အမြဲတမ်း မှိုရသလို မြွေရသလို မျက်နှာထားနဲ့ 
။ သူ့ မိန်းမကျတော့  အသားညိုညို တင်ပါးကြီးကြီး တုတ်တုတ်ခိုင်ခိုင်ကြီးပေါ့ ဗျာ။ သူတို့ မှာ သမီးတစ်ယောက်လည်းရှိတယ်ဗျ
သူတို့ သမီးကတော့ သူတို့ နဲ့ တစ်ခြား စီပဲ ရတနာဦးမျက်နှာနဲ့ ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့် တောင့်  ခပ်ဖြောင့် ဖြောင့် ခပ်လှ
လှပေါ့။ အခု ခောတ် လူကြီးလုငယ် မေ၇ွး ကြိုက်နှစ်သက်မယ့်  အသည်းစွဲ အသည်းရမ်းမယ့် ပုံစံမျိုး ..........အဲ သူကလည်း
ကျွန်တော့်လို ဆယ်တန်းပဲ ။ သူတို့ မိသားစု၇ဲ့ စီးပွားရေးကျတော့  အဲဒီ ဦးကျော်ဆန်းကြီးက ဆယ်အိမ်ခေါင်းလိုလို ဆယ်အိမ်မှုးလိုလို ဘာလိုလိုညာလိုလိုကြီးပေါ့  တစ်ခါတစ်ခါ ပွဲစားလည်း လုပ်တယ်ဆိုလားးးး အိမ်ပွဲစားပါ
သူ့ မိန်းမကြတော့ အိမ်မှာ ထမင်းချက် ဟင်းချက် ဘာညာကွိကွပေါ့  ။ တစ်ခု ပြောရမှာက ဦးကျော်ဆန်းရဲ့ အမေပဲ အဘွားကြီးပေါ့ 
အသက်က ခြောက်ဆယ့် ငါး ရှိနေပြီ မာန်မာနကတော့  တစ်စက်လေးမှ မလျော့ ဘူး အာဂအဘွားကြီး ။
တစ်ခါ တုန်းက ကျွန်တော်မှတ်မိပါသေးတယ် ကျွန်တော်တို့ လှိုင်ဈေးနားက ကုလားဘုရားပွဲ စ တုန်းကလေ..........ချစ်တီးဘုရားကျောင်းမှာ ဘုရားပွဲ မစ မှီ တစ်ရက်အလိုမှာ ထမင်းကျွေးတယ် အအေးတိုက်တယ် သကြားလုံးဝေတယ်။ အဲ ဒီ အဘွားကြီးကတော့  အဲဒီလိုနေ့ မျိုးဆိုရင် အိမ်က ချက်တဲ့ ထမင်းနဲ့ ဟင်းကို မစားဘူးတဲ့ ဗျာ
သူက ကြီးကြီးကျယ်ကျယ် ငါးဆင့် ချိုင့် ကြီးကို လက်မှာဆွဲ ထီးတစ်ချောင်းယူပြီး မနက်ထဲက ထွက်သွားတာ နေ့ ခင်းကြမှ
ပြန်လာတယ်။ ဘယ်သွားလဲမေးကြည့်  ချစ်တီးကုလားကျောင်းမှာကုသိုလ်ဖြစ် ထမင်းဟင်း ၀င်ချက်ရင်း အဲဒီမှာပဲ ထမင်းစားပြီးတော့  အိမ်ကယူလာတဲ့  ငါးဆင့် ချိုင့် ကြီးထဲကို အလကားရတဲံ ပဲဟင်းတွေထည့်  ဟိုဟာထညိ့  ဒီဟာထည့် 
ထည်လို့ ပြည့်လျှံပြီဆိုရင် မယ်တော့် ကို ကန်တော့ ပြိး ပြန်လာတာတဲ့ ။ အံမယ် အံမယ် ဒါတောင် သူကပြောသွားသေးတယ်
ကုလားကျောင်းမှာ စားခါနီး ဘုံဘိုင်က ရေပြတ်သွားလို့ ကိုယ့် ထမိန်ကိုယ်လက်သုတ်ပြီး စားရတာတဲ့ ဗျာ ။
ကဲ ...............ဘယ်လောက်ငတ်ကြီးကျတဲ့ အဘွားကြီးလဲလို့ ........။
ဒါနဲ့  ကျွန်တော် ဦးကျော်ဆန်းတို့ လင်မယားအကြောင်းပြန်ဆက်ရဦးမယ် ။ ကျွန်တော်တို့  ဆယ်တန်း စာမေးပွဲကြီးက
ဖြေဖို့ တစ်ပတ်ပဲလိုတော့ တဲ့ အချိန်ပေါ့  ကျွန်တော်ကလည်း အဲဒီည က လကလေးက လည်း သာ ကြယ်တွေကလည်း
စုံစုံညီညီဆိုတော့  အိမ်အပေါ်ထပ် ၀ရန်တာမှာ စာကျက်ဖြစ်တယ် ။ တစ်ခုပြောရဦးမယ် သူတို့ အိမ်က ကျွန်တော်တို့ အိမ်နဲ့ ဘေးချင်းကပ်ဗျ။ ဒါနဲ့ ကျွန်တော်စာကျက်ရင်း စာကျက်ရင်း ည သန်းခေါ်င် ချိန်ရောက်သွားတယ် ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်လို့  ကျွန်တော် စာကျက်ရင်းနဲ့ ပျင်းလာတာကတစ်ကြောင်း အိပ်ချင်လာတာကတစ်ကြောင်းကြောင့်  အိပ်မယ်လို့ ရည် ရွယ်ပြီး အိမ်ထဲ ပြန်ဝင်မယ်လုပ်ခါ့မှ.........အိမ်ဘေးဦးကျော်ဆန်းအိမ်က
အိမ်ရှေ့ တံခါး ပွင့် လာတယ် သူတို့ အိမ်က အိမ်ရှေ့ မှာေ၇တွင်းလုပ်ထားတော့  အပေါ်ကကြည့်ရင် အကုန်မြင်ရတယ်လေ
ဘယ်သူများလဲလို့ ကြည့်နေတုန်း ဦးကျော်ဆန်း ပေါ့  ပုဆိုးတစ်ဖက်ကို လက်ကကိုင် အနားစကို ဆွဲပြီး သူတို့ အိမ်ရှေ့ တိုင်ဂီမှာလက်ဆေးတယ် ။
ကျွန်တော်ကလည်း သြော် သူအပေါ့ အပါးသွားလို့ လက်ဆေးတယ်ထင်ပြီး အိမ်ထဲဝင် မီးပိတ်ပြိး
အိပ်မယ်လုပ်မှ ( ကျီ ) ဆိုပြီး တံခါးဖွင့် သံ ဦးကျော်ဆန်း အိမ်က ထပ်မံကြားရတယ် ။ ဒါနဲ့ ကျွန်တော် သိချင်တဲ့ စိတ်ဖြစ်လာတာနဲ့ ခြင်ထောင်ထဲက ထွက်ပြီး ကြည့်လိုက်တော့  လားးးးးးးလားးးးးးးးးးးးးဘယ်သူဟုတ်မတုန်း ဆံပင်ကြီးဖားလားချ
အကျီဖရိုဖရဲနဲ့  ထမီကလည်း မညီမညာ ၀တ်ပြီး တိုင်ဂီမှာ ရေတွေ တဖြန်းဖြန်းဆေးနေတာ အခြားသူ ဟုတ်ရောလား
ဦးကျော်ဆန်း မိန်းမ ဒေါ်မိုးဝေပေါ့ ဗျာ ။ လ ကလေးကလည်း သာသာနဲ့ ဆိုတော့  ထင်ထင်ရှားရှားကြီးကို မြင်ရတာ
လူမမှားနိုင်ပါဘူး...........ကျွန်တော်လည်း အစကတော့ သူ့ ကို ရိုးရိုးတန်းတန်းကြည့်နေရင်းအတွေးတစ်ခုပေါ်က်သွားတယ်
အဲဒီ အတွေးလည်းပေါ်က်ပြီးရော...............ဟား ...........ဟားးးး ဟားး...........ဟာ.....းးးး လို့ 
အားရ ပါးရ ရယ်မိတယ်။ ပြီးမှ သတိ ရပြီးပါးစပ်ကို လက်နဲ့ အမြန်အုပ်ထားရလေတော့ တယ် ။ဒါတောင် ဒေါ်မိုးဝေက
ကြားဖြစ်အောင်ကြားမြိ့ပီး အပေါ်ကို မော့ ကြည့်ကာ ည ကြီးသန်းခေါ်င် ဒီကောင်ဘာထ ကြောင်တာလဲ ဆိုပြီး ပြောလို့ သွားသေး
တယ်ဗျာ။
ကျွန်တော်ကတော့ စေ့ စေ့ တွေး ရေးရေးပေါ် ဆိုတဲ့ အတိုင်းတွေးကြည့်ပြီးရယ်ချင်လေ........တွေးကြည့်ပြီးရယ်ချင်လေပဲ........................။
နောက်တစ်နေ့  သူငယ်ချင်းတွေနဲ့ တွေ့ ပြီး ဒီအကြောင်းကို ပြောပြတော့  သူတို့ လည်း ကျွန်တော့်လို
အတွေးပေါ်က်ပြီး ၀ိုင်းရယ်ကြတယ်။ နောက်ကြတော့ မှ လက်ဆေးသံ အမျိုးမျိုး ရှိတဲ့ အနက် ဒီလက်ဆေးသံဟာ
စဥ်းစားစရာပါလားဆိုပြီး ကျွန်တော့် သူငယ်ချင်းများနည်းတူ
( ထို နည်း လည်းကောင်း )
( ထို နည်း လည်းကောင်း ) ..........................လို့ ရေရွတ်လိုက်လေတော့ သတည်းးးး။
ပျိုးခင်းလက်
8 months ago
No comments:
Post a Comment